part-2

2.8K 70 1
                                    

✍ခဏတာလာတဲ့ ဧည့်သည်✍

part-2

"အား....ကျွတ်...ကျွတ် ခေါင်းတွေကိုက်လိုက်တာ"

သူခေါင်းကိုကိုင်ရင်း ရှုံမဲ့ညည်းညူလိုက်မိသည်။ပတ်ဝန်းကျင်ကို
မျက်စိကစားကြည့်လိုက်တော့ သူနှင့်စိမ်းသက်နေသည်။

"ငါ ဘယ်ရောက်နေတာပါလိမ့်"

မိန့် ကုတင်ပေါ်မှဆင်းရန် ပြင်လိုက်စဉ်သူ့လက်က တစ်စုံတစ်ခု
ကို လက်ထောက်မိသွားသလို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်မိတော့
ကလစ်လေးတစ်ခု ။ထို့နောက်ဘေးဘက်မှာတော့ သနပ်ခါးပန်း
အခက်လေးတစ်ခုကိုပါတွေ့လိုက်ရလေသည်။

ရုတ်တရက်မို့ ညကဘာတွေဖြစ်သွားလဲ သူစဉ်းစားလို့မရသေး။
တဖြည်းဖြည်းစဉ်းစားကြည့်တော့မှ ညကအဖြစ်တို့က ရေးရေး
ရိပ်ရိပ်မှတ်မိလာ၏

သူကုတင်ထက်မှဆင်းလိုက်ကာ ညကသူတွေ့ခဲ့သော မိန်းမပျိုကို
လိုက်ရှာမိသည်။အပေါ်ကအခန်းတွေအကုန် လိုက်ရှာကြည့်ပေမယ့် ဘယ်လိုမှရှာလို့မတွေ့။

ထို့နောက်မှာတော့ အောက်ထပ်မှာများရှိမလားလို့ လိုက်ရှာပေမယ့်လဲ နေရာသာနှံ့သွားသည်။လူရိပ်လူယောင်တောင်မတွေ့ရပေ။

စိတ်ပျက်လက်ပျက်နှင့်သူ ထိုအိမ်မှာ ရက်အတန်ကြာနေကြည့်ပေမယ့်လဲ ထိုမိန်းကလေးကတော့ ပေါ်တောင်မလာ။နောက်ဆုံးသူပဲအရှုံးပေး၍ ရန်ကုန်သို့ ပြန်ခဲ့လိုက်သည်။

👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧👨‍👧‍👦👨‍👧👨‍👧👨‍👧

ပန်းလေး ဒေါ်လေးတို့အိမ်ရောက်နေတာ တစ်ပတ်ပင် ပြည့်တော့မည်ဖြစ်သည်။သူမဘဝရေစုန်မျောပြီးကထဲက ထိုအိမ်သို့ပြန်ရမှာကိုပင် ကြောက်နေမိသည်။

"ပန်းလေး အဲ့ဒီမှာဘာထိုင်လုပ်နေတာလဲ"

"ပန်း လေကောင်းလေသန့်ရအောင် ထိုင်နေတာပါ"

"အပြင်မှာ အကြာကြီးမနေနဲ့လေ သမီးရယ် နေမကောင်းဖြစ်ကုန်မှာပေါ့"

"ခနတင်ပါ ဒေါ်လေးရယ်"

"အေးပါ ဒါနဲ့သမီး ဟိုအိမ်ကို ပြန်မသွားတော့ဘူးလား"

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now