part_20

1.6K 28 0
                                    

သူကားမောင်းနေရင်း သူမဘက်ကို
လှမ်းကြည့်မိတော့ သူမလေးက
ပြင်ဘက်သို့ငေးကြည့်နေလေသည်။

လက်ကလေးကိုဆွဲယူလိုက်ပြီးသူ့လက်
ဖဝါးအကြီးကြီးထဲသို့ ထည့်လိုက်လေ၏

*တောင်းပန်ပါတယ်နော် ကိုယ်လာတာ
နောက်ကျသွားလို့ မင်းခုလိုကြောက်စရာ
အခြေအနေနဲ့တွေ့ရတာ ကိုယ့်အမှားပါ*

သူမလက်လေးကို တယုတယဆုပ်ကိုင်၍
တောင်းပန်စကားတွေပြောနေသည့်သူ့မျက်နှာ
ကို သူမစူးစိုက်ကြည့်လိုက်ပြီး

*ရပါတယ် ခုလိုဖြစ်သွားတာကလဲ ရှင့်
ကြောင့်မှမဟုတ်တာကျမနားလည်ပါတယ်
ဒါပေမယ့် ကျမသိချင်တာတစ်ခုတော့ရှိတယ်
ရှင်နဲ့အဲ့မိန်းကလေးက ဘယ်လိုတွေပတ်သက်
နေလို့ ကျမကိုသတ်ချင်နေရတာလဲ*

သူသက်ပြင်းမောကြီးကို ချလိုက်ပြီး

*သူနဲ့ကိုယ်က ဒီအတိုင်းသူငယ်ချင်းဆက်
ဆံရေးပါ သူ့ဖက်ကကိုယ့်ကိုတစ်ဖတ်သတ်
ကြိုက်နေပေမယ့် ကိုယ်သူ့ကိုစိတ်မ၀င်
စားခဲ့ဘူး ကိုယ်ကကိုယ့်ရှေ့ကကောင်မလေး
ကိုပဲစိတ်၀င်စားခဲ့တာ*

မဆိုင်တာတွေပါ ဆွဲထည့်ပြောနေသောသူ့ကို
မျက်စောင်းလှမ်းထိုးလိုက်မိသည်။

*ဘယ်သူက အဲ့အကြောင်းမေးနေလို့လဲ
မေးနေတာကိုမဖြေဘဲမဆိုင်တာတွေပဲ
လာ‌ဖြေနေတယ်*

*ဘာလို့မဆိုင်ရမှာလဲ ဆိုင်တာပေါ့*

*ကဲ တော်ပြီ ကားကိုသာဂရုစိုက်မောင်း
သားလေးကမျှော်နေရှာရော့မယ်*

*ကောင်းပါပြီဗျ*

သူမတို့နှစ်ယောက်ကားပေါ်ကဆင်းပြီး
အိမ်ထဲသို့၀င်လာခဲ့တော့ ဧည့်ခန်းက
ထိုင်ခုံမှာမျက်ရည်အရွှဲသားနှင့်
သူမကိုမျှော်နေသည့် ဒေါ်လေးဖြစ်သူကို
တွေ့လိုက်ရသည်။

သူမကိုတွေ့တော့၀မ်းသာအားရနှင့်ထလာပြီး

*သမီး အမလေးမသေကောင်းမပျောက်ကောင်း
နဲ့ကွယ် ဒေါ်လေးမှာသမီးပျောက်သွားဆိုလို့
စိတ်ပူလိုက်ရတာ သမီးသာတစ်ခုခုဖြစ်သွားရင်
ဒေါ်လေးရင်ကျိုးရမှာ*

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWo Geschichten leben. Entdecke jetzt