part_5

2.2K 53 2
                                    

ပန်းလေး နှိုးစက်မြည်သံကြောင့် အိပ်ယာမှထလိုက်သည်။သား
လေးက သူမရင်ခွင်ထဲဝင်အိပ်နေတာမို့ သားလေးမနိုးအောင်
အသာထလိုက်ပါ၏

ကုတင်ပေါ်မှဆင်းကာရေချိးခန်းထဲသို့ ဝင်လိုက်ပြီးမျက်နှာသစ်
သွားတိုက်ပြီး ရေမိုးချိုးလိုက်ပါသည်။ရေချိုးပြီး သနပ်ခါးရေကျဲ
လေးကိုလိမ်းလိုက်ပါသည်။

ထိုအချိန်ထိသားလေးကတုတ်တုတ်မျှမလှုပ်။အိပ်မောကျနေဆဲ။
နဖူးလေးကိုငုံ့နမ်းလိုက်ပြီး အပြင်သို့ထွက်လာခဲ့လိုက်၏

မီးဖိုခန်းထဲဝင်ပြီးမနက်စာအတွက်ကော်ဖီနှင့်မုန့်ကိုပြင်ဆင်
လိုက်၏သားလေးက ယိုနှင့်ပေါင်မုန့်ကိုသာစားသောကြောင့်
သူ့အတွက်သီးသန့် လုပ်ပေးထားရပါသည်။

အားလုံးပြင်ဆင်ပြီးသွား၍ လက်ဖက်ရည်ကိုပါအသင့်ဖျော်ထား
လိုက်သည်။

"သမီးက မနက်စာတောင်ပြင်ပြီးပြီပဲ ဒေါ်လေးကနောက်ကျနေတာဒါနဲ့မြေးလေးရောမနိူးသေးဘူးလား"

"သားလေးကအိပ်နေတုန်း ဒေါ်လေးရဲ့ သူကအမြဲနေမြင့်မှထတာ
ပုံ့ပုံ့ရော မနိူးသေးဘူးလား"

"မနိူးသေးပါဘူးကွယ် မြေးလေးကိုသွားနိူးချေပါလားသမီး
ကျန်တာဒေါ်လေးပဲ ပြင်ထားလိုက်ပါ့မယ်"

"ဟုတ်ကဲ့ဒါဆိုသမီး သားလေးကိုသွားနိူးလိုက်ဦးမယ်နော်"

အပေါ်ကိုပြန်တက်ခဲ့ပြီး အခန်းတံခါးကို ဖွင့်လိုက်တော့အိပ်ယာ
ထက်မှာသားလေးက ငုတ်တုတ်ထိုင်နေ၍အမြန်သွားလိုက်ပြီး

"သားလေး နိူးနေပြီလား မေမေဆီကိုလာပါဦးကွယ်"

"မေမေ့"

လက်လေးနှစ်ဖက်ကို ဆန့်တန်း၍ သူမဆီသို့ပြေးလာသော
သားလေးကြောင့် အလိုက်သင့်သိုင်းဖက်ရင်း ရင်ခွင်ထဲသို့
ဆွဲသွင်းလိုက်သည်။ ဖောင်းကစ်နေသော ပါးဖောင်းဖောင်းလေး
နှစ်ဖက်ကို နှာခေါင်းများနစ်ဝင်မတတ်ဖိနမ်းလိုက်မိသည်။

"မွှေးနေတာပဲ မေ့သားလေးပါးက လာမျက်နှာသွားသစ်ရအောင်"

"ဟုတ်".

လက်သေးသေးလေးကိုဆွဲ၍ ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်။
သွားတိုက်တံထဲသို့ သွားတိုက်ဆေးအနည်းငယ်ထည့်၍ပေး
လိုက်သည်။ကိုယ့်ဘာသာကိုယ်လုပ်တတ်အောင်
အကျင့်လုပ်ပေးထားတာကြောင့်သားလေးက တစ်ခါတလေ
သူမ မပါဘဲနဲ့တောင်မျက်နှာသစ် တတ်လေသည်။

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now