Part_1

5.7K 86 2
                                    

"ဝေါ.... ဂျိမ်း....ဂျိမ်း"

မိုးတွေက ဘယ်အငြိုးနဲ့များ ဒီလောက်သည်းထန်စွာ ရွာသွန်းနေရတာလဲ။

ပန်းလေး တုတ်ကောက်လေးကိုင်ကာ ဟိုစမ်းဒီစမ်းဖြင့် တံခါးမ
ကြီးဆီလျှောက်လာခဲ့သည်။ခါတိုင်းဆို မိပုံ့က အိမ်တံခါးတွေကို
သေချာပိတ်ပေးပြီးမှ ပြန်တာပင်။

ယခုတော့ တံခါးပိတ်ဖို့မေ့သွားလောက်အောင် ဘာတွေများ
အရေးကြီးနေတာပါလိမ့်။

"ဂျိမ်း......ဂျလိန်း"

"အေမ့"

သူမနှုတ်က လန့်ပြီး အော်လိုက်မိသည်။သူမက မိုးရွာတာကို
မကြောက်ပေမယ့် မိုးခြိမ်းသံ တစ်ခါတစ်ခါကြားလိုက်တိုင်း
လန့်မိတာအမှန်။

အခုလို မိုးသည်းကြီးမည်းကြီးရွာနေသည့် ညတစ်ညမှာ ပတ်ဝန်း
ကျင်၌ အိမ်ဆိုလို့ ပန်းလေးအိမ်တစ်အိမ်သာ ရှိတာပင်။တခြား
အိမ်တွေက ပန်းလေးအိမ်နှင့်အတော်အလှမ်းကွာဝေးလှသည်။

လေအတိုက်မှာ ပြတင်းတံခါးတွေက တစ်ဒုန်းဒုန်း တဒိုင်းဒိုင်းနှင့်
အသံပေးနေလေသည်။တံခါးတွေကိုလိုက်ပိတ်ပြီး အိပ်ခန်းထဲသို့
ဝင်လာခဲ့၏

ထို့နောက် စောင်ပါးလေးကို ခြုံလိုက်ပြီး အိပ်ပျော်သွားလေသည်။
ပတ်ဝန်းကျင်တစ်ခွင်မှာတော့  ကောင်းကင်တစ်ခွင်မိုးသားရိပ်
တွေနှင့်ပြည့်နှက်နေပြီး သည်းထန်စွာ ရွာသွန်းနေလေရဲ့။

ပန်းလေးဆိုတဲ့သူမက မိဘတွေနဲ့အတူ ခရီးသွားရင်း မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံကို ဆုံးရှုံးလိုက်ရသည်။

စားဝတ်နေရေးအတွက် မေမေရှိစဉ်က သနပ်ခါးပန်းပင်တွေအများကြီး စိုက်ပေးခဲ့တာမို့ ပန်းရောင်းရင်းဖြင့် အသက်မွေးခဲ့ရသည်။

သူမက မျက်မမြင်မို့ ခိုင်းချင်တာခိုင်းလို့ရအောင်   မေမေရဲ့ အမဝမ်းကွဲ ဒေါ်လှကြည်က သူ့သမီးလေးကို အိမ်သို့ပို့ထားလေ၏

မနက်ဆိုမိပုံ့ရောက်လာပြီး ညဘက်ဆို သူ့အိမ်ကိုပင်ပြန်သွားတတ်သည်။အိမ်မှာဘယ်လိုမှ ညအိပ်ခိုင်းလို့မရပေ။

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးDonde viven las historias. Descúbrelo ahora