part_16

1.7K 37 0
                                    

သူမလက်နှစ်ဖက်ကို တစ်ဖက်စီကနေချုပ်ကိုင်၍
အခန်းပြင်ထိဆွဲခေါ်လာသောလူနှစ်ယောက်
ပုံစံက ကြောက်စရာကောင်းလွန်းလှသည်။
လက်က်ုဆတ်ခနဲရုန်းကြည့်သော်လည်း
အင်အားချင်းကမမျှတာကြောင့်မလွတ်
‌မြောက်ပေ။မျက်နှာကြီးတွေကလဲ ကြမ်းတမ်း
ခက်ထန်ကာ လူမိုက်ရုပ်ပေါက်နေတာမို့
သူမဇောချွေးတွေပျံကာထိတ်လန့်နေမိသည်။

*ဒီမှာ ရှင်တို့ ကျမကိုဘယ်ခေါ်သွားမလို့လဲ
ကျမလက်ကိုလွှတ်လို့ရပြီ ရှင်တို့အတင်း
ချုပ်ထားတာနဲ့ကျမလက်တွေနာနေပြီရှင့်*

သူမပြောသော်လဲ သူတို့ကတုတ်တုတ်မျှမလှုပ်။
သွားမြဲတိုင်းသာသွားနေသည်။

*ရှင်တို့ကိုကျမပြောနေတာမကြားဘူးလား
ကျမအော်လိုက်မှာနော် ကယ်ကြပါဦးရှင့်
ကျမကိုပြန်ပေးဆွဲနေပါတယ်*

သူမအော်ဟစ်အကူအညီတောင်းသော်လဲ
လမ်းမထက်မှာလူသွားလူလာတစ်ယောက်မျှ
မရှိပေ။

*ဒီမှာ မိန်းကလေးမင်းအော်လဲမင်းကိုဘယ်သူမှ
လာကယ်မှာမဟုတ်ဘူး အဲ့တော့လေကုန်ခံ
မနေဘဲငါတို့နဲ့အေးဆေးလိုက်ခဲ့*

*ဘာလို့လိုက်ရမှာလဲ မလိုက်ဘူး ကျမလက်ကို
လွှတ်နော် မဟုတ်ရင်ရဲတိုင်လိုက်မှာ*

*ဟေ့ကောင် ‌ဒီမိန်းမတော်တော်စကား‌များတာပဲ*

*ဟုတ်တယ် ဒီတော့ နားငြီးသက်သာအောင်
မင်းလုပ်လိုက်တော့*

ထိုစကားကြားတော့ဒေလီယာမျက်လုံးပြူးသွား
ရသည်။

*ဒီမှာ ရှင်တို့ကျမကိုဘာလုပ်မလို့လဲ တောင်းပန်
ပါတယ်နော် ကျမကိုဘာမှမလုပ်ကြပါနဲ့
ရှင်တို့ငွေဘယ်လောက်လိုချင်လဲ ကျမပေးမယ်*

*ဟာ ဒီမိန်းမတော့ ငါတစ်ခါထဲရိုက်သတ်လိုက်ရ
သေတော့မယ် နောက်ထပ်စကားသံထွက်ရဲ
ထွက်ကြည့် ဒီမှာတွေ့လား*

ခါးကြားမှာထိုးထားတဲ့ သေနတ်ကို သူမမြင်
အောင်ပြလိုက်သည်။

*ကဲ သူ့မျက်လုံးကိုအ၀တ်နဲ့စည်းလိုက်*

*မျက်လုံးကိုတော့အ၀တ်နဲ့မစည်းပါနဲ့‌နော်
ပါးစပ်ပိတ်ပြီးဘာစကားမှမပြောဘဲနဲ့
လိုက်ခဲ့ပါ့မယ်*

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now