part_17

1.8K 35 0
                                    

*ဘယ်လို ကျမနားကြားမှားတာလား*

*မဟုတ်ပါဘူး တကယ်ကိုယ်ကမင်းရဲ့
ခင်ပွန်းလောင်းပါ*

*ကျမကရှင်ပြောတာကို ဘယ်လိုယုံရမှာလဲ
ရှင့်မှာရော ဘာသက်သေရှိလဲ*

သူမစကားအဆုံးမှာ သူကအိပ်ကပ်ထဲမှသူမရဲ့
ပျောက်ဆုံးနေသောကလစ်လေးကိုထုတ်ပြ
လေသည်။ထို့နောက်မှာတော့ နှစ်ပေါင်းများစွာ
ကြာသောကြောင့် နွမ်းခြောက်နေသော
သနပ်ခါးပန်းလေးကပါ ကပ်၍ပါလာသည်။

*ဘယ်လိုလဲ ဒီလောက်ဆိုရင်သက်သေက
လုံလောက်ပြီလား*

သူမဘာမှဆက်မပြောဘဲ သူကမ်းပေးသော
ကလစ်လေးကိုသာယူ၍ ကြည့်နေမိသည်။
လွန်ခဲ့တဲ့နှစ်ကသူမရဲ့ကျပျောက်သွားသော
ကလစ်လေးဆိုတာသေချာသည်။

*မင်းမယုံသေးရင် ကိုယ်ထပ်ပြောရဦးမှာလား
အဲ့နေ့က  မိုးတွေအရမ်းသည်းနေတာလေ
မှတ်မှတ်ရရအဲ့နေ့စွဲလေးက 3-1-2018
ဒီလောက်ဆိုမင်းမှတ်မိလောက်က်ပါပြီနော်*

*ကျမယုံပါတယ် ရှင်ကကျမကိုဘယ်လိုလုပ်
ပြီးရှာတွေ့တာလဲဆိုတာပြောပြနိုင်မလား*

*ပြောပြလို့ရပါတယ် ကိုယ်အဲ့နေ့ပြီးတော့
မင်းကိုလိုက်ရှာပါသေးတယ် တော်တော်ကြာ
တဲ့အထိ ရှာခဲ့ပေမယ့်မင်းကိုမတွေ့ခဲ့ရဘူး
နောက်တော့ ကိုယ်လဲအလုပ်တွေကအကြာကြီး
ပစ်ထားလို့မရတော့ အမြန်ပြန်သွားခဲ့ရတာ
နောက်မှကိုယ့်တပည့်တွေကို မင်းအကြောင်း
တွေစုံစမ်းခိုင်းရတာ *

*ဟုတ်လား ကျမလဲနိုင်ငံခြားကိုထွက်သွားပြီး
ပညာသင်ခဲ့ရတာ ဟိုမှာကလေးတစ်ဖက်
ကျောင်းတစ်ဖက်နဲ့ ဒုက္ခရောက်ခဲ့ရတာ*

*ကိုယ်တောင်းပန်ပါတယ် ကိုယ်မကောင်းခဲ့လို့
မင်းခုလိုဒုက္ခရောက်ခဲ့ရတာ ကိုယ့်အမှားတွေကို
ပြန်ပေးဆပ်ချင်လို့ ကိုယ့်ကိုလက်ထပ်ခွင့်
ပြုပါနော်*

*စောပါသေးတယ် ရှင်နဲ့ကျမတွေ့တာ
ဘယ်လောက်မှမကြာသေးဘူးပြီးတော့
ရှင့်အကြောင်းလဲကျမဘာမှမသိရသေးဘူး*

*မင်းသာကိုယ့်ကို လက်ထပ်ခွင့်ပြုပါ
ကိုယ်တို့လက်ထပ်ပြီးရင်မင်းကိုယ့်အကြောင်း
ကိုအစကနေအဆုံးထိ သိရမှာပါ*

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now