part_14

1.7K 33 0
                                    

*လာ ဟိုရှေ့ကဆိုင်က ငါ့ဆိုင်ပဲဟ*

ခွန်းနောင်ကိုပြောပြီး ဆိုင်ထဲသို့၀င်လာခဲ့
လိုက်လေသည်။မန်နေဂျာကောင်မလေးအား

*ဧည့်သည်အတွက် ကော်ဖီပူပူလေး ဖျော်ခဲ့
ပေးပါနော် ညီမလေး လာ ခွန်းနောင်ခုံမှာထိုင်*

*အေးပါဟာ *

ခွန်းနောင်ခုံမှာ ထိုင်ပြီးတစ်ဆိုင်လုံးကိုဝေ့ဝဲ
အကဲခတ်ကြည့်မိသည်။သပ်ရပ်သောအပြင်
အဆင်တွေက ဈေး၀ယ်သူတွေကိုဖိတ်ခေါ်
နေသလိုပင်။

*မတွေ့ရတာ ကြာပြီနော် ခွန်းနောင်နင်ဘယ်
တွေပျောက်နေတာလဲ *

*ငါလဲ အဘွားဆုံးလို့ဆိုပြီးမြို့ကိုပြန်သွား
တာဟ ဟိုရောက်တော့လဲငါ့မိဘတွေက
ဒီကိုပြန်မလာတော့ဘဲ ဟိုမှာဘဲစီးပွားရေး
တွေလုပ်တော့မယ်ဆိုပြီး ပြန်မလာကြတာ*

*ဟုတ်လား ကောင်းပါတယ် ဒါနဲ့နင်ကဒီကို
အလည်လာတာလားအလုပ်ကိစ္စနဲ့လား*

*ငါဒီကိုလာတာ ငါ့ဒေါ်လေးဆီကိုလာလည်တာဟ*

*ဒီမှာရော ကြာဦးမှာလား*

*အစကတော့ ပြန်တော့မလို့ပဲ ဒါပေမယ့်နင့်ကို
တွေ့လိုက်ရတော့ မပြန်ဖြစ်သေးဘူး*

*ဟင် ဘာဆိုင်လို့လဲဟ *

*ဆိုင်တာပေါ့ဟ ငါ့မှာနင့်ကိုမပြောလိုက်ရတဲ့
စကားတွေအများကြီးရှိသေးတယ် ငါအနှစ်နှစ်
အလလထိန်းချုပ်ထားတဲ့စကားတွေကိုနင်နဲ့
တွေ့ရင်ပြောမယ်ဆိုပြီး မနက်ဖြန်တိုင်းကို
ငါအားတင်းပြီး ဖြတ်သန်းခဲ့ရတာ*

ခွန်းနောင်ရဲ့ပုံစံကတည်ကြည်လေးနက်နေလျှက်။
သူမလဲ ခွန်းနောင်ရဲ့ခံစားချက်တွေကိုနားလည်
ပါသည်။သို့သော် သူမကိုယ်တိုင်ကိုကကလေး
အမေ မုဆိုးမတစ်ယောက်။

*နင်ငါ့အကြောင်းတွေ ဘာမှမသိသေးပါဘူး
ခွန်းနောင်ရယ်*

*နင့်အကြောင်းကငါမသိတာဘာတွေရှိသေးလို့
လဲ ငါ့ကိုလက်မခံချင်လို့အကြောင်းပြချက်
ရှာနေတာလား အဲ့ဒါဆိုလဲရပ်လိုက်တော့
ငါကနင်ဘယ်လိုပုံစံပဲဖြစ်နေပါစေ
နောက်ဆုတ်မှာမဟုတ်ဘူး*

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now