part_15

1.7K 40 0
                                    

*တောက် ......ခွမ်း......ဒုန်း*

ရုံးခန်းထဲမှဆူညံသံများကြောင့်

*ဟဲ့ငါတို့ bossဘာတွေအဲ့လောက်ဒေါသဖြစ်နေရ
တာလဲမသိဘူးနော်*

*အေးဟ ငါဒီမှာအလုပ်လုပ်လာတာကြာလှပြီ
တစ်ခါမှ boss ဒီလိုဒေါသထွက်တာမမြင်ဖူးဘူး*

၀န်ထမ်းကောင်မလေးတွေတီးတိုးတီးတိုးဖြင့်
အတင်းတုတ်နေကြစဉ် မန်နေဂျာရောက်လာကာ

*ဟိတ် အဲ့မှာ ဘာရပ်လုပ်နေကြတာလဲဖြူပြာ
တို့ ‌ဟိုကဒေါသထွက်နေပါတယ်ဆို*

*ဘာမှမလုပ်ပါဘူး ဂျာကြီး ဟဲ့လာလာအလုပ်
သွားလုပ်ကြမယ်*

*အေး သွားကြမယ်*

သူ့ဆရာဒေါသတွေအရမ်းထွက်နေတာကြောင့်
သူလဲအနားမကပ်ရဲပေ။တခြားအချိန်မှာသဘော
ကောင်းသလောက် ဒေါသထွက်ချိန်ဆိုသွေးအရမ်း
ဆိုးတာသူအသိဆုံးမို့ပါပင်။

တစ်ခန်းလုံးလဲသူဖျက်ဆီးထားလို့ ရစရာကို
မရှိတော့ပေ။ဆိုဖာထက်မှာ လျော့တိလျော့ရဲ
ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဝါးဖြင့်ပွတ်
သပ်ကာ အတန်ကြာငြိမ်နေမိသည်။

ဖိမှိတ်ထားတဲ့ သူ့မျက်လုံးထဲတွင်မနက်က
အာရုံကပေါ်လာလေ၏။

*ကိုယ်မဟုတ်တဲ့ တစိမ်းဘယ်ယောက်ျားလေး
ကိုမှမင်းပြုံးပြခွင့်မရှိဘူးပန်း*

မနက်ကသူမဆိုင်ရှေ့ကနေ သူဖြတ်သွားရင်း
သူမနဲ့ ယောက်ျားလေးတစ်ယောက်ပြုံးပြုံး
ရယ်ရယ်ဖြင့်စကားပြောနေသည်ကိုတွေ့လိုက်
ရလေသည်။

သူတစ်ခါမှမမြင်ဖူးခဲ့သော သူမရဲ့အပြုံးချိုချို
လေးတွေကအရမ်းကိုစွဲမက်ဖွယ်ကောင်းပြီး
လှပလွန်းနေသည်။

*မင်းကို ကိုယ်စိတ်မချတော့ဘူး အစကတော့
အေးအေးဆေးဆေးမှမင်းကိုဖွင့်ပြောပြီး
လက်ထပ်မလို့ပဲ အခုတော့မရတော့ဘူး*

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

*မိန့်ရှိလား *

မေးပြီး ‌ပြန်ဖြေသံကိုပင် မစောင့်တော့ဘဲအခန်း
ထဲသို့၀င်ရန်ပြင်လိုက်လေသည်။မန်နေဂျာ‌ရောက်
လာပြီး

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now