part_12

1.7K 44 0
                                    

ဒါဆို ကိစ္စက အဆင်မပြေခဲ့ဘူးပေါ့*

*ဟုတ်တယ် ဒယ်ဒီ ဒါပေမယ့်မပူပါနဲ့
သမီးရအောင်ကြံပါ့မယ်*

*ကူညီပါ သမီးရယ် ‌မဟုတ်ရင်ဖေဖေ့ကိုသူ
တို့ကထောင်ချပစ်မှာတဲ့*

    *အစကထဲက ဒယ်ဒီကို သမီးပြောပါတယ်
လောင်းကစားတွေလျှော့လုပ်ပါဆိုတာကို
နားမှမထောင်တာ*

      *ဖေဖေမှားမှန်းသိပါပြီ သမီးရယ်ဒီတစ်ခါ
      နောက်ဆုံးတစ်ကြိမ်ဖြစ်ဖြစ်ကူညီပေးပါ*

     *ဒီတစ်ခါတော့ ကူညီပေးပါ့မယ်နောက်တစ်ခါ
    ဆိုရင်တော့ မကူညီပေးတော့ဘူး*

    *အေးပါသမီးရယ် ဒါနောက်ဆုံးအကြိမ်ပါပဲ*

လက်ကိုကိုင်၍ မျက်နှာငယ်လေးနှင့်တောင်းပန်
နေသော ဒယ်ဒီ့ကိုကြည့်၍အကြံထုတ်နေမိသည်။

လောင်းကစားကြွေးကလဲနည်းနည်းတောင်
မဟုတ်။သိန်းငါးရာဆိုတဲ့ပမာဏကို
တစ်ပတ်အတွင်း ဘယ်လိုရှာရမလဲ။

    *အခုတော့ သမီးပင်ပန်းလာလို့ ခဏနားလိုက်
ဦးမယ် ဒယ်ဒီ*

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

ဒီနေ့က လုပ်ငန်းစပ်တူလုပ်မယ့် ဒေါ်လေးရဲ့မိတ်
ဆွေဆိုသူနဲ့တွေ့ရမှာမို့  ‌အစောကြီးထပြီး
အလှပြင်နေမိသည်။

အ၀တ်အစားကိုလဲ  သေသေသပ်သပ်လေးနှင့်
ကြည့်ကောင်းသော နို့နှစ်ရောင်၀မ်းဆက်
လေးကို၀တ်ဆင်လိုက်သည်။


ဆံပင်ရှည်တို့ကိုတော့ ဆံထုံးပုံ့ပုံ့လေးထုံးလိုက်
တာနှင့်သူမရဲ့ အလှပြင်ခြင်းကပြီးသွားလေပြီ။

ကုတင်ထက်တွင်အိပ်ပျော်နေသော သားလေး
ကိုပါနိူးလိုက်ကာ မျက်နှာသစ်သွားတိုက်ပေး
ပြီး  အ၀တ်အစားလဲကာ အောက်သို့ခေါ်လာခဲ့
သည်။

မနက်စာပြင်ဆင်နေသော ဒေါ်လေးအား

*ဒေါ်လေး သမီး ခုနှစ်နာရီမှာ ဧည့်သည်နဲ့
ချိန်းထားတာရှိလို့သွားတော့မယ်*

*အေးသမီး မနက်စာစားမသွားတော့ဘူးလား*

*မစားတော့ဘူး ဟိုရောက်မှပဲ စားတော့မယ်*

သားလေးလက်ကိုဆွဲကာ ခြံရှေ့သို့ထွက်လာ
ခဲ့လိုက်သည်။အခြားလက်တစ်ဖက်မှ
ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်ရင်း

*ဟယ်လို ******ခြံက ကားငှားချင်လို့ပါ*

ဆယ်မိနစ်လောက်နေတော့ ကားမောင်းတဲ့
ဦးလေးကြီးရောက်လာလေသည်။

*ဒီနေ့တော့အစောကြီးပါလား တူမကြီး*

*ဟုတ်ကဲ့ သွားစရာလေးရှိလို့ပါ*

*ဦးလေး********ဆိုင်ကိုမောင်းပေးပါ*

မိနှစ်နှစ်ဆယ်လောက်မောင်းပြီးထိုဆိုင်လေး
သို့ရောက်လာလေသည်။

*ကျမသိပ်မကြာဘူးရယ် စောင့်ပေးနိုင်မလား*

*ရတယ်တူမကြီး အလုပ်ကိစ္စမို့လား
ဦးလေးစောင့်နိုင်ပါတယ် ဟိုးရှေ့က လက်ဖက်ရည်
ဆိုင်မှာ စောင့်နေပေးမယ် ပြန်လာလို့
မတွေ့ရင်ဖုန်းဆက်ကြည့်လိုက်*

*ဟုတ်ကဲ့ ကျေးဇအများကြီးတင်ပါတယ်*

သူမဆိုင်ထဲသို့ ၀င်လိုက်တာနှင့်တစ်ပြိုင်နက်
အားလုံး‌သောပုရိသတွေရဲ့ မျက်လုံးပေါင်း
များစွာက သူမဆီမှာ။

အကြည့်များစွာကို မသိကျိုးကျွံပြုလျှက်
သားလေးလက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ
ချိန်းထားတဲ့စားပွဲဆီသို့သာတန်းတန်းမတ်မတ်
လျှောက်လာခဲ့လိုက်သည်။

ထိုစားပွဲတွင်သူမတို့ရှိရာဘက်ကို ကျောပေး၍

ထိုင်နေသော လူတစ်ယောက်။သူမလဲထိုလူ
ရှိရာ မျက်နှာချင်းဆိုင်ဘက် သွားရပ်လိုက်ပြီး

*ကိုမင်းမိန့် ထင်တယ်*

*ဟုတ်ပါတယ်ဗျ ထိုင်ပါ*

သားလေးနဲ့အတူ ထိုင်ခုံမှာ၀င်ထိုင်လိုက်သည်။

*ဘာများသုံးဆောင်ဦးမလဲဗျ သားလေးရော
ဘာမှာမလဲ*

သူ့နှုတ်မှ သားလေးဆိုသောအသုံးအနှုန်း‌
ကြောင့် စိတ်ထဲမှာ ဘယ်လိုကြီးမှန်းမသိ။

*ရပါတယ် အလုပ်ကိစ္စသာပြောကြတာပေါ့*

သူမရဲ့ ခပ်ပြတ်ပြတ်စကားကြောင့်သူပြုံး
လိုက်မိသည်။

*Okလေ အလုပ်ကိစ္စအကြောင်းပြောကြတာပေါ့*

*******************************************

နာရီ၀က်လောက်ဆွေးနွေးပြီး အလုပ်ကိစ္စအဆင်
ပြေသွားလေသည်။

*ဒါဆိုကျမကိုပြန်ခွင့်ပြုပါဦး*

*မနက်စာလေးတော့ စားသွားပါဦးမိတ်ဖြစ်
ဆွေဖြစ်ပေါ့*

*ဒါနဲ့လေ ဒီကလေးအဖေကိုလဲမတွေ့ပါလား*

သူ့အပြောကြောင့် သူမမျက်နှာကွက်ခနဲ
ပျက်သွားသည်။

ဆက်ရန်

ကျူးရင့်

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now