part_7

2.7K 56 4
                                    

ဒေလီယာကိုဖက်၍ ကုတင်ပေါ်သို့လှဲချလိုက်ပြီး အပေါ်မှအုပ်မိုး
ထားလေသည်။လက်တစ်ဖက်ကတော့ သူမလည်ပင်းကို
ညှစ်ထားပြီး အံကြိတ်လျှက်။

"sorry ပဲဒေလီယာ ငါအဲ့ဒါတွေစိတ်မဝင်စားဘူး ငါ့ခန္ဓာကိုယ်နဲ့
ငါ့နှလုံးသားက မိန်းကလေးတစ်ယောက်အတွက်ပဲ သီးသန့်ထား
တာ မင်းနောက်တစ်ခါငါ့ကိုလာမြူဆွယ်ရင် အသက်ကို
ဖက်နဲ့ထုပ်ထားပေတော့ ဒီတစ်ခါကတော့ မင်းကငါ့ရဲ့သူငယ်ချင်း
မို့လို့ ခွင့်လွှတ်ပေးလိုက်မယ် မင်းလဲမြဲမြဲမှတ်ထား မိန့်ဆိုတဲ့
ကောင်က သူမကြည်ဖြူဘဲအသားလာထိရင် လုံးဝကိုမကြိုက်တာ
နောက်လဲ ငါနဲ့မပတ်သက်ပါနဲ့ဝေးဝေးနေ"

မိန့်ဖုန်းကို ကောက်ကိုင်ကာအခန်းထဲမှ ထွက်လာခဲ့သည်။ကုတင်
ပေါ်မှဒေလီယာကတော့အံကိုတင်းတင်းကြိတ်လျှက်။

"နင့်ကိုငါအဆုံးရှုံးမခံနိုင်ဘူး မိန့် မရရအောင်ယူပြမယ်စောင့်နေ
လိုက် နင်အရမ်းမုန်းတဲ့ငါ့ကို မပတ်သက်ဘဲနေလို့ရမလားဆိုတာ
စောင့်ကြည့်နေလိုက်"

အပြင်ရောက်တော့ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ သူတပည့်က
ဖုန်းခေါ်ထားလေသည်။ချက်ချင်းပဲလက်တွေက ဂဏန်းတွေကို
အမြန်နှိပ်လိုက်ပြီး

"ဟယ်လို အေးပြော ဘယ်လိုလဲ ငါစုံစမ်းခိုင်းထားတဲ့ကိစ္စ"

"သူက bossရှာနေတဲ့မိန်းကလေးဗျ  ပြီးတော့ သူ့မှာနှစ်နှစ်
အရွယ်ကလေးတစ်ယောက်ရှိသေးတယ် အခုတော့ Market
ဖွင့်ဖို့ပြင်နေတာတဲ့ အခုလက်ရှိမှာတော့ သူဒေါ်လေးနဲ့
နေတယ် လိပ်စာက*..............*မှာboss"

"အေးရပြီ .....ဒါပဲ"

ဖုန်းချလိုက်ပြီးဝရန်တာမှာလက်ထောက်ကာ ဆေးလိပ်ကို
ရှိုက်ဖွာနေလိုက်သည်။ နောက်ဆုံးတော့တွေ့ပြီပေါ့။

သူ့နှုတ်ခမ်းမှာ ကြည်နူးရိပ်တို့တွဲခိုလျှက်။ရင်ထဲမှာလဲဝမ်းနည်း
ဝမ်းသာနှင့် ။မနက်ဖြန်တိုင်းဟာသူ့အတွက်တော့ ပိုပြီးအဓိပ္ပါယ်
ရှိလာသလိုပင်။

ပန်းလေးဒီနေ့ Market အသစ်ဖွင့်ပွဲမို့ အလုပ်ရှုပ်နေလေသည်။
အလုပ်ကလဲလုပ်ရသလို သားလေးကိုလဲ စိတ်မချစွာတကြည့်
ကြည့်နှင့်။ဒေါ်လေးကတော့ သားလေးကိုအိမ်မှာထားခဲ့ဖို့
ပြောပေမယ့်သူမကိုက သားလေးကိုမခွဲနိုင်တာမို့ ခေါ်လာ
ခြင်းပင်။

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now