သူမဒီနေ့ အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ
၀ယ်ရန် မြို့ထဲသို့တစ်ယောက်ထဲထွက်ခဲ့
လိုက်သည်။သားလေးက နေမကောင်းချင်သလို
ဖြစ်နေသောကြောင့် အိမ်မှာပဲထားခဲ့
လိုက်သည်။အိမ်နဲ့ဈေးကသိပ်မဝေးတာကြောင့် ဈေးခြင်း
လေးကိုဆွဲကာ လမ်းလျှောက်ပြီးသာ
လာခဲ့လိုက်၏။ဈေးထဲမှာ ဟင်းသီးဟင်းရွက်နဲ့
အသားငါးများကို၀ယ်ပြီး အိမ်သို့သာ
ပြန်လာခဲ့သည်။ဒီနေ့အိမ်ကို ဧည့်သည်
တွေလာမှာမို့ သူမအခုလိုဈေး၀ယ်
လာရခြင်းဖြစ်သည်။တဖြည်းဖြည်းနဲ့လျှောက်လာရာ အိမ်ရှေ့သို့
အရောက်မှာတော့ သူမခြေလှမ်းတွေ
ရပ်တန့်သွားရလေသည်။အကြောင်းမှာ
ကားကိုမှီ၍ လက်ပိုက်ရပ်နေသော
လူတစ်ယောက်ကြောင့်ပင်။*မောနီးနော် ဇနီးလောင်းလေး*
သူ့ရှေ့မှာရပ်နေသော မိန်းကလေးကမနက်
ခင်းနေရောင်ခြည်နှင့်အပြိုင်နုသစ်လှပကာ
ချစ်စရာကောင်းနေလေတော့သည်။*အစောကြီးရှိသေးတာကို ဘယ်လိုလုပ်ပြီး
ရောက်လာတာလဲ **မင်းကိုလွမ်းလို့ပေါ့ ဒါနဲ့သားလေးရော
မပါဘူးလား **အင်းဟုတ်တယ် နေမကောင်းလို့အိမ်မှာပဲ
ထားခဲ့တာ လာလေ အိမ်ထဲ၀င်ပါဦး**အင်း ကိုယ်အစကတော့မင်းမျက်နှာလေးကို
ကြည့်ပြီးပြန်တော့မလို့ပဲ အခုသားလေးက
နေမကောင်းဘူးဆိုတော့ အိမ်ထဲလိုက်ခဲ့ပါ့မယ်
ကိုယ့်ကိုဆွဲခြင်းပေးလေ**နေပါစေ ကျမဘာသာပဲသယ်လိုက်ပါ့မယ်*
*ပေးပါဆို*
သူမလက်ထဲကနေ ဆွဲခြင်းကိုလုယူလိုက်ပြီး
နှစ်ယောက်သား အိမ်ထဲသို့၀င်ခဲ့ကြလေသည်။
မနက်စာအတွက်ပြင်ဆင်နေသောဒေါ်လေးက
သူမတို့ကိုမြင်တော့ အံ့ဩသွားပုံရသည်။*ဟောတော် ဈေးသွားတုန်းကတစ်ယောက်ထဲပါ
အခုဘယ်လိုဖြစ်လို့ နှစ်ယောက်ဖြစ်နေတာတုန်း**ကျွန်တော်က အလုပ်ကိစ္စလာရင်းနဲ့ ဒီအိမ်ကို
ခဏ၀င်လာတာပါ**ဟုတ်လား မနက်စာရောဘာစားခဲ့ပြီလဲ
ဒေါ်လေးပြင်ပေးမယ်လေ*သူကလက်ကာပြ၍
YOU ARE READING
🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေး
Fantasyသူဌေးသားလေးနဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။