part_8

2K 47 2
                                    

*သားလေး နောက်တစ်ခါ‌....မေမေမသိဘဲ.....
အပြင်တွေလျှောက်မသွားရဘူးနော်.......သိလားခုနကမေမေသားလေးကိုရှာမတွေ့လို့.....ဘယ်လောက်စိတ်ပူသွားတာပဲ.............*

*ဟုတ်...သားနောက်တစ်ခါကျရင်မေမေ မသိအောင်အပြင်ကိုမသွားတော့ပါဘူး*

*လိမ္မာတယ်နော် သားလေးက မေမေအပြန်ကျရင်
မုန့်တွေအများကြီး၀ယ်ကျွေးမယ်*

သားလေးသူမအနားကနေ ထပ်မပျောက်သွားအောင်မုန့်နဲ့ချော့ထားရလေသည်။

သားလေးကိုသာပြန်ရှာမတွေ့တော့ဘူးဆိုရင်သူမရူး
သွားနိုင်သည်။အမေတစ်ခု သားတစ်ခုဘ၀မို့သား
လေးကို သူမအသက်တမျှချစ်နေရသည်။

*မမ ငါးနာရီထိုးတော့မယ် မပြန်သေးဘူးလား*

မန်နေဂျာဆိုလဲဟုတ် အိမ်နီးနားချင်းကောင်မလေး
ဆိုလဲဟုတ်သော ဝါဝါက ‌ပြောလာလေမှ အလုပ်ကို
အသဲအသန်လုပ်နေသောသူမ နာရီကိုတစ်ချက်မော့
ကြည့်မိလေသည်။

*ဟုတ်သားပဲ ငါးနာရီတောင်ထိုးတော့မယ် ဝါဝါလဲ
တစ်ခါထဲမမနဲ့ပြန်လိုက်ခဲ့ပါလား*

သူမအပြောကို ဝါဝါကရယ်ကျဲကျဲဖြင့် ခေါင်းခါလေ
တာမို့ သူမအံ့ဩသွားလေသည်။

*ဝါဝါ့ကို ကောင်လေးကလာကြိုမှာမမရဲ့ အဲ့ဒါ‌ကြောင့် မမနဲ့ပြန်မလိုက်တာပါ*

*အဲ့လိုလား ဝါဝါက ကောင်လေးရှိတယ်လားအိမ်က
ရောအဲ့အကြောင်းတွေသိတယ်လား*

*သိတယ်မမရဲ့ ဝါ ကျောင်းပြီးရင် လက်ထပ်ကြမှာ
လေမမကိုလဲ ဖိတ်စာပို့လိုက်မယ်*

*ဟုတ်ပါပြီရှင် မလိုက်ရင်လဲမမပြန်တော့မယ်သော့
တွေသေချာခတ်ဖို့ မမေ့နဲ့နော်*

*ဟုတ်ကဲ့ မမ*

ဝါဝါကိုမှာစရာရှိတာတွေမှာပြီး နားနေခန်းထဲသို့၀င်
လာခဲ့လိုက်သည်။ဆိုဖာပေါ်မှာသားလေးကကွေးကွေးလေးအိပ်ပျော်နေတာမို့ နဖူးလေးကိုခပ်ဖွဖွငုံ့နမ်းလိုက်ပြီး

*သားလေး သက္ကရာဇ် ထတော့လေ မေမေနဲ့အိမ်ပြန်
ကြရအောင်*

*ဟင်........အင်း..........*

အိပ်ချင်မူးတူးဖြင့် သားလေးကငုတ်တုတ်ထထိုင်လေသည်။သူမလဲ သိမ်းစရာရှိတာတွေသိမ်းလိုက်
ပြီး သားလေးကို ပွေ့ချီလျှက် အပြင်သို့ထွက်လာ
ခဲ့သည်။

Taxi ငှားရန် လမ်းမပေါ်သို့အတက် သူမဘေးသို့ကားတစ်စီးထိုးရပ်လာလေသည်။ကားထဲကလူကို
ကြည့်လိုက်မိတော့ ခုဏကသားလေးကိုခေါ်ထားတဲ့
လူဖြစ်နေတာမို့ မျက်နှာကို ပိုတင်းထားမိသည်။

*ကားငှားမလို့လား ဒီအချိန်ဆိုကား‌တွေက အားမှာမဟုတ်ဘူး မင်းအချိန်ကုန်တာပဲအဖက်တင်မယ်
ကိုယ့်ကားနဲ့လိုက်ခဲ့ပါလား*

*နေပါစေ ရတယ် ကျကမသူများအကူအညီကိုမယူ
တတ်လို့ပါ ကားငှားစရာမရှိလဲ ‌ခြေလျင်သွားလိုက်
ပါ့မယ်*

ကလေးကိုချီလျှက် ကျောခိုင်းထွက်ခွာသွားသောမိန်းမလှလေး၏အလှမှာ နစ်မျောနေမိသည်။

*ဟွန်း.....မင်းကစွာတာတာလေးနဲ့ အရမ်းချစ်ဖို့ကောင်းတယ် မကြာခင်မှာမင်းကကိုယ့်ရဲ့ဇနီးလေး
ဖြစ်လာတော့မှာမို့ ခုချိန်လွတ်လပ်ခွင့်ပေးထားလိုက်မယ်*

မောင်စိုးတစ်ယောက် ကားကိုမောင်းရမှာလား မမောင်းရဘူးလား ဝေခွဲမရ။‌မှန်ထဲကနေ နောက်ကို
လှမ်းကြည့်ရင်း..........

*မောင်းရတော့မှာလားကားက*

*မောင်းလို့ရပြီမောင်းတော့*

*ဟုတ်*

စီးကရက်လက်ကြားညှပ်ပြီး စိတ်တို့ကအတွေးလွန်
နေမိသည်။သူမလေးကို ပိုင်ဆိုင်ခွင့်ရအောင်ဘယ်လိုလုပ်ရပါ့။

*ဟာ ဟုတ်ပြီ*

၀မ်းသာအားရ လက်ဖျစ်တီး၍ အော်လိုက်သော သူ့အသံ‌ကြောင့် မောင်စိုးလန့်သွားရသည်။

*ဖြေးဖြေးအော်ပါ bossရယ် ကျွန်တော်တောင်လန့်သွားတာပဲ*

*ဟုတ်လား sorry, ပါကွာ*

ဆက်ရန်

Author -ကျူးရင့်

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now