part_4

2.3K 60 0
                                    

အဖြူရောင် Taxiကားလေးတစ်စီးက သုခမြိုင်စံအိမ်ရှေ့သို့
ရပ်သွားလေသည်။ကားပေါ်မှ ဖွေးနုနေသောခြေထောက်လေး
တစ်စုံက မြေပေါ်သို့ ကျလာလေ၏

အိပ်ပျော်နေသောကလေးငယ်လေးကို ရင်ခွင်ထဲထည့်ဖက်ထား
ပြီး အောက်သို့ဆင်းလိုက်ပါသည်။လက်တစ်ဖက်က ကားပေါ်မှ
အဝတ်အိတ်ကို လှမ်းယူလိုက်စဉ် ကားမောင်းသူဦးလေးကြီးမှ

"နေ နေတူမ ဦးလေး ယူလာခဲ့မယ်လေ ငါ့တူမကကလေးတစ်
ဖက်နဲ့ဆိုတော့ ဦးလေးပဲသယ်ပေးပါ့မယ်"

သဘောကောင်းလှသောTaxiဦးလေးကြီးရဲ့စကားကြောင့်
သူမပြုံးမိလေသည်။

"ဟုတ်ကျေးဇူးပါဦးလေးရယ်"

ခြံဝရောက်တော့ လူခေါ်ဘဲလ်ကိုလဲ ထိုဦးလေးကြီးကပဲ နှိပ်ပေးလေ၏ခဏအကြာမှာတော့  ခြံတံခါးက ဖျက်ကနဲပွင့်သွားပြီး
ပုံ့ပုံ့ထွက်လာလေ၏သူမကိုမြင်တော့ အံ့သြသွားပြီး

"ဟယ်မမ ပြန်လာပြီလား ဒါများဖုန်းဆက်လိုက်တာမဟူတ်ဘူး
ပုံ့ပုံ့လာကြိုမှာပေါ့ ပေးပေးအိတ်တွေ ညီမလေးသယ်ခဲ့မယ်"

"ဦးလေးအထုပ်တွေသူ့ကိုပေးလိုက်ပါနော် ညီမလေး ကားခလဲ
ရှင်းပေးလိုက်ပါဦးကွယ် အမအိမ်ထဲအရင်ဝင်နှင့်မယ်"

"သွားနှင့်လေ မမညီမလေးကားခရှင်းပြီး လိုက်လာခဲ့လိုက်မယ်"

"အေးမမသွားပြီနော်"

သူမ အိမ်ထဲ့သို့ ဝင်လာခဲ့လိုက်သည်။ဧည့်ခန်းကဆိုဖာမှာခဏ
ထိုင်ပြီး အမောဖြေနေမိသည်။ထိုစဉ် လိုက်ကာစ လှုပ်သွားပြီး

"အိမ်ရှေ့ကအသံကြားလို့ ဘယ်သူများလဲလို့ သမီးပြန်ရောက်
လာတာလား ဝမ်းသာလိုက်တာသမီးရယ် ဒီလောက်နှစ်တွေ
အကြာကြီး ဒေါ်လေးတို့ကို စာမလာဖုန်းမဆက်နဲ့ သမီးတော်တော်နေနိုင်တာပဲ "

"တောင်းပန်ပါတယ် ဒေါ်လေးရယ် သမီးလဲဟိုမှာ စီးပွားရေး
ပညာသင်နေရတာနဲ့ အလုပ်ကတစ်ဖက်နဲ့ဆိုတော့ မအားလို့
ပါ စိတ်ကတော့ ဒေါ်လေးတို့ဆီအမြဲရောက်ပါတယ်"

"အေးပါကွယ် ဒါနဲ့ဒီကလေးက သမီးရဲ့ကလေးလား"

ပန်းရင်ခွင်ထဲမှကလေးကို လက်ညှိုးထိုးကာ မေးလိုက်တာမို့
ခေါင်းငြိမ့်ပြလိုက်မိသည်။ရင်ခွင်ထဲက သားလေးကတော့
ဘာမှမသိဘဲ နှစ်ခြိုက်စွာအိပ်မောကျနေလေရဲ့။

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now