စာကြည့်ခန်းရှေ့ကအဖြတ်မှာ စာကြည့်ခန်းတံခါး ပွင့်နေတာ တွေ့ရသည်။
ရွှီချန်ရန့် ခြေလှမ်းများကိုရပ်ကာ စာကြည့်ခန်းထဲ လှမ်းကြည့်လိုက်သည်။
အခန်းထဲမှာ အမျိုးသားက တစ်ယောက်တည်း ဆိုဖာပေါ်ထိုင်ကာ လက်ထဲမှာလည်း သစ်သားဆိုင်းဘုတ်လေးတစ်ခု ကိုင်ထားသည်။
ဟယ့်ရန်က လက်ထဲရှိ သစ်သားဆိုင်းဘုတ်လေးကို လက်နဲ့အခါခါ ပွတ်သပ်ရင်း ငေးကြည့်နေသည်။
ရွှီချန်ရန့် အကြည့်တွေက သစ်သားဆိုင်းဘုတ်လေးပေါ် ရောက်သွားပြီးတဲ့နောက် သစ်သားဆိုင်းဘုတ်လေးကို အဖိုးတန်ရတနာတစ်ပါးလို တယုတယ ပွတ်သပ်နေသည့် အမျိုးသား၏ အမူအရာကို ကြည့်လိုက်သည်။
ဒါပေမယ့် ဒီသစ်သားဆိုင်းဘုတ်လေးက သူ လွန်ခဲ့တဲ့လေးနှစ် ဘုရားကျောင်းမှာ သွားဆုတောင်းတုန်းက ဒီအတိုင်း ယူလာခဲ့တာလေ။
လွန်ခဲ့တဲ့ လေးနှစ်က.......
အဲ့တစ်ခဏမှာ ရွှီချန်ရန့်တစ်ယောက် ရုတ်တရတ် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။ အဲဒါက လွန်ခဲ့တဲ့လေးနှစ်က သူယူလာခဲ့တဲ့ သစ်သားဆိုင်းဘုတ်လေးပဲဖြစ်ပါစေ၊ အိမ်ဟောင်းမှာ လေးနှစ်လုံးလုံး အပြင်အဆင်တွေ မပြောင်းလဲဘဲ ဒီအတိုင်းထားထားတဲ့ သူ့အိပ်ခန်းလေးပဲဖြစ်ပါစေ ----
အရာအားလုံးဟာ လွန်ခဲ့တဲ့လေးနှစ်က "ရွှီချန်ရန့်" ပဲ။
(၁၈) နှစ်အရွယ်ကနေ (၂၃) နှစ်အရွယ်အထိ လူကြီးမင်းရဲ့အနား အနောက်ကနေ တစ်ကောက်ကောက်လိုက်ခဲ့တဲ့ "ရွှီချန်ရန့်"။
ရွှီချန်ရန့်အကြည့်များ ပြန်ရုတ်ကာ စာကြည့်ခန်းဘေးကဖြတ်ပြီး လှေကားဆီလျှောက်သွားသည်။
ပထမထပ်ရောက်တော့ ရွှီချန်ရန့် အိမ်အကူအန်တီကြီးကို သွားရှာကာ ရှောင်ဝမ်စားသလို ထမင်းသုတ်တစ်ပွဲလုပ်ခိုင်းလိုက်သည်။
ထမင်းသုတ်က ခပ်မြန်မြန်ပဲ ပြင်ပြီးသွားသည်။ ရွှီချန်ရန့် ထမင်းပန်းကန်ကိုင်ကာ ထမင်းစားခန်းထဲလာပြီး ထမင်းစားပွဲမှာ တစ်ယောက်တည်း ထိုင်စားနေသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romantikအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...
အပိုင်း (၁၂၄)
Start from the beginning