အပိုင်း (၂၃)

9K 1.2K 148
                                    

((Zawgyi))

အပိုင်း (၂၃)
နောက်ဆုံးဖုန်းခေါ်ခြင်း

👾👾👾

ရွှီချန်ရန့်သည် လက်ကိုင်ဖုန်းလေးကိုကြည့်ကာ အနည်းငယ် မှင်သက်မိသည်။

လူကြီးမင်းက သခင်လေးကို အဖော်ပြုပေးနေပြန်ပြီ။

ရွှီချန်ရန့်သည် ဝရံတာတွင် အချိန်အတော်ကြာ တစ်ယောက်တည်း နေခဲ့သည်။ သူက အပြင်မှာ လေပြင်းတွေတိုက်လာပြီး မိုးလေးဖွဲဖွဲရွာလာမှ နေရာမှထကာ အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။

အချိန်က ည(၁၁)ကျော်နေပြီဖြစ်သော်လည်း လူကြီးမင်းကတော့ အိမ်ပြန်မရောက်သေးသလို၊ ကြည့်ရတာ ပြန်လာမည့်ပုံလည်း မပေါ်ပေ။

ရွှီချန်ရန့်သည် ကုတင်ဘေးတွင်ထိုင်ကာ လက်ကိုင်ဖုန်းကို ယူလိုက်ပြီး မနက်ဖြန်ထွက်မည့် လေယာဉ်ခရီးစဉ်ဇယားများကို လှန်လှောရှာဖွေလိုက်သည်။ ထို့နောက် သူက မနက်ဖြန်နေ့လည်တွင် ပြည်နယ်ပြင်ပသို့သွားမည့် လေယာဉ်လက်မှတ်တစ်စောင်ကို ဝယ်လိုက်သည်။

လေယာဉ်လက်မှတ်ဝယ်ပြီးသွားတော့ ရွှီချန်ရန့်က လူကြီးမင်းနှင့်ပြောသည့် မက်ဆေ့ခ်ျboxကိုဖွင့်ကာ စဉ်းစားပြီး မက်ဆေ့ခ်ျပို့လိုက်သည်။ --

်[လူကြီးမင်း ဖက်ထုပ်ပြုတ်တွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်။ ဒီရက်ပိုင်း အန်တီကြီးကို ထမင်းချက်ဖို့ လာခိုင်းထားတယ်။]

[လေသာဆောင်က ဘွန်ဇိုင်းပင်တွေကို သုံးရက်တစ်ခါ ရေလောင်းပေးတာအကောင်းဆုံးပဲ။ တကယ်လို့ ရာသီဥတုကောင်းရင် သူတို့ကို အပြင်ထုတ်ပြီး နေပူစာလှုံပေးလို့ရတယ်။ တကယ်လို့ လူကြီးမင်းမေ့သွားလည်း ကိစ္စမရှိဘူး။ အန်တီကြီးက ကူပြီးစောင့်ရှောက်ပေးလိမ့်မယ်]

်[လာမယ့်ရက်တွေမှာ ပိုပြီးအေးလာတော့မယ်၊ လူကြီးမင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နော်]

မက်ဆေ့ခ်ျများပို့ပြီးနောက် ရွှီချန်ရန့်သည် အချိန်အတန်ကြာ စောင့်ဆိုင်းနေလိုက်သည်။ သို့သော် မည့်သည်ပြန်စာမှရောက်မလာသည့်အတွက် သူက ဖုန်းကိုဘေးချကာ နောက်တစ်ခါ ထပ်မကြည့်တော့ပေ။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now