အပိုင်း (၄၃)

11.5K 1.5K 125
                                    

((Zawgyi))

အပိုင်း (၄၃)
ကိုယ်နဲ့ပြန်လိုက်ခဲ့

👾👾👾

ပထမထပ်ခန်းမထဲ၌ ချင်ကျိုးနှင့် စူးထန်တို့သည် မထင်မရှား ထောင့်တစ်နေရာတွင် ထိုင်​ကာ ရောက်တတ်ရာရာ စကားပြောနေကြသည်။

ကျန်းလင်က သူတို့ကိုရှာတွေ့သွားသည့်အခါ အနားရောက်လာကာ ချင်ကျိုးဘေးတွင်ဝင်ထိုင်ပြီး ချီးမွမ်းလိုက်သည်။

"ကျိုးကောက ဒီနေ့ အရမ်းချောတာပဲ!"

စူးထန်က အရက်ခွက်ကိုကိုင်ကာ မွှေ့လိုက်ရင်း မေးသည်။

"ဒါဆို ငါရော?"

ကျန်းလင်က ချက်ချင်း ခေါင်းညိမ့်ကာ:

"အစ်မစူးစူးလည်း ကြည့်ကောင်းပါတယ်"

သို့သော် အဲ့လိုပြောပြီးတာနဲ့ ကျန်းလင်က ထပ်လောင်း ပြောလိုက်သည်။

"အချောဆုံးကတော့ ကျိုးကောပဲ!"

စူးထန်က ရယ်ချင်သွားကာ မနေနိုင်ဘဲ ပြောလိုက်သည်။

"မောင်လေး၊ နင်က ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းရတာလဲ....."

ထိုအချိန်မှာပင် စားသောက်ပွဲခန်းမ၏ နောက်ခံတေးသွားက သိမ်မွေ့ညင်သာသည့် ဂီတသံစဉ်သို့ ပြောင်းလဲသွားသည်။ စူးထန်သည် ခန်းမအလယ်သို့ လှမ်းကြည့်လိုက်သည့်အခါ ကပွဲကြမ်းပြင်ထက်ဝယ် သခင်လေးများနှင့် ကပွဲလာမိန်းကလေးများ စတင်ကခုန်နေကြသည်ကို တွေ့ရသည်။

စူးထန်က ဝိုင်ခွက်ကိုချကာ ကျန်းလင်ဘက်သို့လှည့်ပြီး ပြောလိုက်သည်။

"မောင်လေး၊ နင် က,တတ်လား? မမက မင်းကို ပျော်ပါးဖို့ခေါ်သွားမယ်"

"မကတတ်ဘူး၊ မကတတ်ဘူး"

ကျန်းလင်က လက်ခါ​ပြလိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အစ်မစူးစူးက က,တတ်တယ်လား?"

"က,တတ်တာပေါ့၊ အရင်က အကသင်ခဲ့တာ၊ နောက်တော့မှ သရုပ်ဆောင် စလုပ်ဖြစ်တာ"

စူးထန်က ခေါင်းညိမ့်​ပြပြီးနောက် ဘေးနားက ချင်ကျိုးကိုကြည့်ကာ ပြောလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now