((Zawgyi))
အပိုင်း (၁၀၈)
ချင်ကျိုးက ပလပ်စတစ်ဆာဂျရီသရဲ👾👾👾
ချင်ကျိုးက စကားမပြောဘဲ ဘေးမှာရပ်နေသည်။
ဒီလောကကြီးမှာ ဒီလောက်များတဲ့ 'တကယ်လို့' တွေ ဘယ်မှာရှိလို့လဲ။
ချင်ကျိုးက ခေါင်းအနည်းငယ်ငုံ့နေပြီး ခဏကြာတော့ ပြောသည်။
"တကယ်လို့ ခင်ဗျား အချိန်ရရင် စိတ်ပြေလက်ပျောက် အပြင်ထွက်လို့ရတယ်"
"အင်း?"
ချင်ကျိုး: "ပြောလို့မရဘူး၊ တစ်နေ့နေ့ကျ တခြားသင့်တော်တဲ့လူတစ်ယောက်နဲ့ ဆုံရင်ဆုံမှာပါ"
ဟယ့်ရန်က ခွန်းတုန့်မပြန်ဘဲ မေးလိုက်သည်။
"မင်းမှာ ညွှန်းပေးချင်တဲ့နေရာရှိလား?"
ချင်ကျိုးက ရိုမန်တစ်ဆန်သည့် အထင်ကရရသမိုင်းဝင်နေရာများကို ခဏစဉ်းစားပြီးနောက် ပြောသည်။
"ပဲရစ်? ရောမ? လာ့စ်ဗီးဂတ်စ်လည်းရတာပဲ"
ဟယ့်ရန်က ခေါင်းညိမ့်လိုက်သည်။
ချင်ကျိုးက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောသည်။
"ကျွန်တော် ရိုက်ကွင်းပြန်တော့မယ်"
ဟယ့်ရန်က နေရာမှာပဲရပ်ကာ တစ်ဖက်လူ ထွက်သွားတာကို ငေးကြည့်နေသည်။
ချင်ကျိုး၏ပုံရိပ်လေး သူ့မြင်ကွင်းထဲက ပျောက်ကွယ်သွားမှ ဟယ့်ရန်တစ်ယောက် အိမ်ထဲသို့ ပြန်လှည့်ထွက်လာသည်။
ရှောင်ချန်က ကာတွန်းကားကြည့်နေဆဲက ဟယ့်ရန်ဝင်လာတာမြင်တော့ ဟယ့်ရန်အနောက်ကို လှမ်းကြည့်ကာ လူအရိပ်အယောင်မတွေ့တာကြောင့် မေးလိုက်သည်။
"ဦးဦးရှောင်ရန်၊ ချင်ကျိုးကောကောရော?"
"သူ ပြန်သွားပြီ"
ဟယ့်ရန်၏အသံက အလွန်တည်ငြိမ်နေသည်။
"အော......"
ရှောင်ချန်က နားမလည်တလည်နှင့် ခေါင်းညိမ့်လိုက်ပြီး ကာတွန်းဆက်ကြည့်နေသည်။
ရှောင်ချန်တစ်ယောက် ညနေလေးနာရီကျော်မှ သိုးကြီးမျန်မျန်ကာတွန်းကို နောက်ဆုံးမှာ ကြည့်လို့ပြီးသွားသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...