အပိုင်း (၃၃)

11.9K 1.4K 417
                                    

((Zawgyi))

အပိုင်း (၃၃)
အချိန်နှောင်းသွားတဲ့အချစ်က ဘာအသုံးဝင်မှာလဲ

👾👾👾

ရွှီချန်ရန့်ဆုံးပြီး ရကျ(၃၀)ွေမာက်နေ့၌၊ ဟယ့်ရန်က နောက်ဆုံးမှာ သင်္ချိုင်းသို့သွားခဲ့သည်။

ကားက သင်္ချိုင်းအပြင်ဘက်တွင်ရပ်လိုက်သည်။ ဟယ့်ရန်သည် ကားပေါ်ကမဆင်းဘဲ ပြတင်းပေါက်မှတဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။

သင်္ချိုင်းမြေတွင် လူသူကင်းမဲ့​နေပြီး တိတ်ဆိတ်ငြိမ်သက်ကာ အထဲရှိ အရာအားလုံးက ရေခဲတမျှအေးစက်နေသည့် အုတ်ဂူကမ္ဗည်းတိုင်များသာဖြစ်သည်။

ရွှီချန်ရန့်၏ အရိုးပြာများက ထိုအထဲတွင်ရှိ​နေပြီး မြေကြီးအောက်မှာ မြှုပ်နှံလို့ထားသည်။

ဟယ့်ရန်သည် အိပ်ကပ်ထဲက သစ်သားဆိုင်းဘုတ်လေးကို ကျင့်သားရနေသည့်အတိုင်း ထိကိုင်လိုက်ရင်း ဖြည်းညင်းစွာ မေးလိုက်သည်။

"ဒီနေ့က April Fools' Day လား?"

ဦးလေးကျိုးသည် ကားခေါင်းခန်းတွင်ထိုင်နေရင်း ဟယ့်ရှောင် ဘာဖြစ်လို့ ဒီအကြောင်းကို ရုတ်တရတ်မေးလာမှန်း မသိသော်လည်း ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး၊ April Fools' Day က ပြီးသွားတာ တစ်လရှိပြီ"

ကားထဲတွင် အသံတိတ်ဆိတ်သွားပြီး ခဏကြာတော့မှ ဟယ့်ရန်က ပြောလိုက်သည်။

"အရင် ပြန်ကြမယ်"

ဦးလေးကျိုးက အနည်းငယ် အံ့ဩသွားကာ မေးလိုက်သည်။

"ဟယ့်ရှောင် အောက်ဆင်းပြီး မကြည့်တော့ဘူးလား?"

ဦးလေးကျိုးသည် လူကြီးမင်းရွှီ ဆုံးသွားသည့်အကြောင်းနှင့် လူကြီးမင်းရွှီ၏ ကမ္ဗည်းအုတ်ဂူက ဒီနေရာမှာရှိနေတာကို သိထားပြီးဖြစ်သည်။

"မသွားတော့ဘူး"

ဟယ့်ရန်က မျက်လုံးများကို မှိတ်လိုက်ကာ ဆိုဖာပေါ် ကျောမှီချလိုက်သည်။

"အရက်ဘားကိုသွားမယ်"

သို့နှင့် ဦးလေးကျိုးက ကားစက်နှိုးကာ ဟယ့်ရန်ကို အရက်ဘားသို့ လိုက်ပို့ပေးရသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now