အပိုင်း (၆၉)

9.6K 1.4K 175
                                    

((Zawgyi))

အပိုင်း (၆၉)
ဟယ့်ရန်၊ သူက ရေချိုးခန်းထဲမှာ

👾👾👾

ကားထဲတွင် တိတ်ဆိတ်လို့်သွားသည်။

ဟယ့်ရန်က ထိုစပျစ်သီးကိတ်မုန့်ကို ကိုင်ထားဆဲဖြစ်ပြီး စကားမပြောပေ။

အချိန်အတော်ကြာမှ ဟယ့်ရန်က အသံထွက်လာသည်။

"သူက သန်ဘက်ခါကျရင် နှလုံးခွဲစိတ်မှုလုပ်ရမယ်"

ချင်ကျိုး: "အဲ့ဒါက ခင်ဗျားနဲ့ သူ့အကြောင်းလေ၊ ကျွန်တော့်ကို ရှင်းပြနေစရာမလိုဘူး"

"ရှင်းပြရမယ်"

ဟယ့်ရန်က ခေါင်းကို ဘေးသို့်လှည့်လာကာ ပြောသည်။

"သူ အရင်က ကိုယ်နဲ့ --"

"ဟယ့်ရန်"

ချင်ကျိုးက အနည်းငယ် စိတ်မရှည်တော့ဘဲ အသံထွက်ကာ စကားဖြတ်ပြောလိုက်သည်။

"ကျွန်တော် တစ်ခါထပ်ပြီး အပြတ်ပြောလိုက်မယ်၊ ကျွန်တော်တို့က အိပ်ရာပေါ်တက်ဖူးတဲ့ ဆက်ဆံရေးသက်သက်ပဲ၊ အလွန်ဆုံး အိပ်ရာဖော်လို့ပဲ သတ်မှတ်လို့ရမယ်"

"ခင်ဗျား ဘယ်သူ့ကို ကြိုက်ကြိုက်၊ ခင်ဗျားနဲ့ ရှန်ရှိုးကျူက ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် ကျွန်တော် လုံးဝ ဂရုမစိုက်ဘူး"

"အရင်ကတည်းက အားလုံး ပြောထားပြီးသား၊ ကျွန်တော်က ခင်ဗျားကို သုံးလ ကုတင်ပေါ်တက်ပြီး အဖော်ပြုပေးမယ်၊ ခင်ဗျားက ကျွန်တော့်ကို ကူပြီး ဆရာဝန်ဖိတ်ပေး"

ဟယ့်ရန် တိတ်ဆိတ်ငြိမ်သက်သွားကာ အချိန်ခဏကြာမှ ဖြည်းညင်းစွာ အသံထွက်မေးလိုက်သည်။

"အစကနေ ပြန်စလို့မရနိုင်ဘူးလား?"

ချင်ကျိုး: "မလိုအပ်ဘူး"

"လိုအပ်တယ်"

ဟယ့်ရန်က အနားတိုးလာသည်။ သူက လက်တစ်ဖက်ဖြင့် ထိုင်ခုံကိုထောက်မှီရင်း လူငယ်လေးကို ရင်ခွင်ထဲ၌ ပွေ့ဖက်လုနီးပါးဖြစ်​နေကာ လေသံတိုးတိုးနှင့် ပြောလိုက်သည်။

"ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ"

ချင်ကျိုးက အနည်းငယ် မျက်မှောင်ကြုတ်ကာ အဲ့ဒီအကြောင်းကို ဆက်မပြောချင်တော့သဖြင့် ပြောလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now