အပိုင်း (၅၇)

9.2K 1.3K 56
                                    

((Zawgyi))

အပိုင်း (၅၇)
ကမောက်ကမ ကားကိစ္စ

👾👾👾

(T/N - ဒီတစ်ခါ ခေါင်းစဉ်က 翻车 - fan che ပါ။ fan ဆိုတာက မှောက်တာ၊ မွှေတာ၊ လန်သွားတာ။ che ကတော့ ကားပါ။ အင်တာနက်ဘန်းစကားတွေက kai che - ကားမောင်းတာကိုတော့ အားလုံးသိပါတယ်။ ဒါပေမယ့် ဒီ fan che ကတော့ တိုက်ရိုက်အဓိပ္ပါယ်က ကားမှောက်ခြင်းပါ။ ​ဗီဒီယိုဂိမ်းတစ်ခုကနေ စပေါ်လာတာပါ။ အဓိပ္ပါယ်က တစ်ခုခုအစီအစဉ်ပျက်သွားတယ်၊ ကမောက်ကမဖြစ်သွားတယ်၊ ဆိုးရွားသွားတယ်၊ ရှုပ်ယှက်ခတ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ကားကိစ္စမှာလည်း အတူတူပါပဲ။)

ဟယ့်ရန်က စကားမပြောဘဲ တစ်ဖက်လူကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။

သူ့မျက်စိရှေ့က ကောင်လေးမှာလည်း မက်မွန်ပွင့်မျက်ဝန်းတစ်စုံရှိနေသည်။ ကောင်လေးက မျက်လုံး​ထောင့်များကို eye-liner ခပ်ရှည်ရှည်ဆွဲထားသဖြင့် MV ထဲမှာ ချင်ကျိုး ပြင်ထားတဲ့ မျက်လုံးမိတ်ကပ်နှင့်ပင် အနည်းငယ် ဆင်တူနေသည်။

ဟယ့်ရန်က ထိုမက်မွန်ပွင့်မျက်ဝန်းတစ်စုံကို ခဏကြည့်လိုက်ကာ အနည်းငယ် မိန်းမောသွားသည်။

ဆိုဖာပေါ်ရှိ တခြားသခင်လေးများကလည်း ဟယ့်ရန်အနားမှ လှုပ်ရှားမှုများကို သတိထားမိသွားကာ ပွဲကြီးပွဲကောင်းကြည့်ရန် အဲ့ဒီဘက်သို့ တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လာကြပြီး ရှောင်ကျို၏လှုပ်ရှားမှုများကို ဘယ်သူကမှ မဟန့်တားခဲ့ကြပေ။

ကောင်လေးက ဟယ့်ရန်ဘက်မှ မငြင်းဆန်တာကိုမြင်တော့ အတင့်ရဲလာကာ အနားသို့ အနည်းငယ်တိုးကပ်၍ ထပ်ခေါ်လိုက်ပြန်သည်။

"ဟယ့်ရှောင်"

ရှောင်ကျိုသည် ခေါင်းကိုမော့ကာ အနားသို့ထပ်မံ တိုးကပ်သွားသည်။ သူက ဝိုင်ခွက်ကို အမျိုးသားရှေ့သို့ ကမ်းပေးရင်း လက်တစ်ဖက်က အမျိုးသား၏ အနောက်တိုင်းဝတ်စုံဘောင်းဘီကို ထိကိုင်လိုက်သည်။

သို့သော် ရှောင်ကျိုက အနောက်တိုင်းဝတ်စုံဘောင်းဘီကို ထိကိုင်ပွတ်သပ်မည့် အချိန်မှာပဲ သူ့လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz