အပိုင်း (၃၄)

11.2K 1.4K 224
                                    

((Zawgyi))

အပိုင်း (၃၄)
သဘောကျရတဲ့လူ

👾👾👾

အပြင်မှာ နှင်းတွေကျနေသည်။

ချီချီက ကားအနားတွင် အကြာကြီး စောင့်နေသည်။ သို့သော် သူက တစ်ချိန်လုံး မစောင့်နိုင်ဘဲ ဘေးနားက ကစားစရာ လေပေါ်ဝဲလေးကို ကိုက်ချီကာ ပန်းခြံထဲသို့ ကစားရန် ထွက်သွားတော့သည်။

တိရိစ္ဆာန်တို့၏ ကမ္ဘာကား အလွန်ရိုးရှင်းလှသည်။ ချီချီသည်လည်း လူသားတို့၏ သေခြင်း၊ရှင်ခြင်းနှင့် ခွဲခွာရခြင်းများကို နားမလည်ရှာပေ။

ရွှီချန်ရန့် ထွက်ခွာသွားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း ချီချီကတော့ အခေါက်တိုင်း ကားဆီသို့လာကာ ရွှီချန်ရန့်ကို ရှာနေဆဲဖြစ်သည်။

အိမ်အကူ ကောင်မလေးနှင့် အိမ်တော်ထိန်းတို့က ချီချီကို အကြိမ်ပေါင်းများစွာ ရှင်းပြသော်လည်း ချီချီကတော့ ဘယ်လိုမှ နားမလည်နိုင်သေးပေ။

သူသိတာက ရွှီချန်ရန့်သည် ဒီတစ်ခေါက်မလာ၊ နောက်တစ်​ခေါက်ကျ သေချာပေါက် လာမှာဖြစ်သည်။

တစ်နေ့ကျ သူ့ပြန်အလာကို စောင့်နိုင်လိမ့်မည်ပင်။

ချီချီကတော့ ရိုးအစွာပင် အသည်းနှလုံးမရှိသည့်အတိုင်း ခြံဝန်းထဲတွင် ဟိုလှိမ့်ဒီလှိမ့်ဖြင့် နေရာအနှံ့ လှည့်ပတ်ကစားနေသည်။ သူက ရွှီချန်ရန့်ပြန်လာအောင် မစောင့်နိုင်သည့်အတွက် စိတ်မကောင်းဖြစ်ခြင်းမျိုး ခံစားရမှာမဟုတ်ပေ။

ဗီလာထဲမှာတော့ ဟယ့်ရန်က ပြတင်းပေါက်နားတွင်ရပ်ကာ ခြံဝန်းထဲက ခွေးကြီးကို ကြည့်နေသည်။

ဟယ့်ရန်သည် ထုံစံအတိုင်း အိတ်ကပ်ထဲမှ စီးကရက်ကိုထုတ်ကာ မီးညှိလိုက်သည်။

စီးကရက်အစီခံက သူ့ခြေထောက်နားသို့ ပြုတ်ကျသွားသော်လည်း ဟယ့်ရန်ကတော့ ဂရုမစိုက်ဘဲ ကားရှိရာဘက်သို့သာ လှမ်းကြည့်နေသည်။

ကြည့်ရတာ သူလည်းပဲ ချီချီ၏ လွှမ်းမိုးမှုကို အနည်းငယ်ခံလိုက်ရသည်ထင့်၊ သူကလည်း ချီချီကဲ့သို့ပင် ကားဆီသို့ မသိလိုက် မသိဖာသာ အမြဲကြည့်မိသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now