အပိုင်း (၁၁၀)

9K 1.2K 49
                                    

((Zawgyi))

အပိုင်း (၁၁၀)
ပွဲတွင်ပြန်လည်တွေ့ဆုံခြင်း

👾👾👾

ချင်ကျိုးက အံ့အားသင့်သွားကာ မေးလိုက်သည်။

"ဖိတ်စာက ကျွန်တော်ကိုပေးတာ သေချာရဲ့လား? လူမှားပို့တာမဟုတ်ပါဘူးနော်?"

"မမှားပါဘူး၊ ဥက္ကဋ္ဌယွမ် ငါ့ကိုပေးတာပါ"

အေးဂျင့်က ဆက်ပြောသည်။

"ငါ မနက်ဖြန် မင်းကို ပွဲတက်ဖိတ်စာပေးလိုက်မယ်၊ တကယ်လို့ မင်းသွားမယ်ဆို ငါ့ကိုသာ တစ်ချက်ပြောလိုက်"

"ကျွန်တော် စဉ်းစားလိုက်ဦးမယ်"

ချင်ကျိုးက ဖုန်းချပြီးနောက် နှစ်သစ်ကူးပစ္စည်းများကို ဆက်လက်နေရာချလိုက်သည်။

သိပ်မကြာခင် ကျန်းလင်က ချင်ကျိုးဆီ ဖုန်းဆက်လာသည်။

ကျန်းလင်က မေးလိုက်သည်။

"ကျိုးကော၊ အစ်ကို Black Gold Gala ပွဲဖိတ်စာရလား?"

"ဟမ်?"

"ကျွန်တော် ယွမ်လျဲ့ကို အကူအညီတောင်းပြီး ယူခိုင်းထားတာ၊ သူက အစ်ကို့အေးဂျင့်ဆီ ပေးလိုက်ပြီလို့ပြောတယ်"

ကျန်းလင်က အနည်းငယ် စိတ်လှုပ်ရှားနေသည်။

"မဆန်းတော့ပါဘူး"

ချင်ကျိုးက ခပ်ဖွဖွ ရယ်လိုက်သည်။

ကျန်းလင်: "အတူတူသွားပျော်ရအောင်နော်!"

"အိုကေ"

ချင်ကျိုးက ဖြေလိုက်သည်။

"ဒါဆို ဖန်ကောကို ပွဲတက်ဝတ်စုံအဆင်သင့်ပြင်ပေးဖို့ ပြောလိုက်မယ်"

ကျန်းလင်က ချက်ချင်း ကမန်းကတန်းပြောလိုက်သည်။

"ရတယ်၊ ရတယ်၊ ကျွန်တော် ပြင်လိုက်မယ်! အင်္ကျီကိုယ်တိုင်းသာ ကျွန်တော့်ဆီပို့လိုက်"

"ကောင်းပြီ"

ချင်ကျိုးက ဖြေလိုက်သည်။

👾👾👾

နှစ်သစ်ကူးအကြိုနေ့တွင် စူးထန်နှင့် လင်းချီရှောင်းက ချင်ကျိုး၏တိုက်ခန်းဆီ အတူတူ ရောက်လာသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now