အပိုင်း (၉၅)

9.4K 1.7K 102
                                    

((Zawgyi))

အပိုင်း (၉၅)
နှစ်တိုင်းဘေးကင်းကျန်းမာပါစေ

👾👾👾

အပြင်ဘက်တွင် မီးရှူးမီးပန်းများ ဆက်လက်ပစ်ဖောက်နေသည်။

ချင်ကျိုးက မျက်လုံးလေးများ ကွေးညွှတ်နေပြီး အနက်ရောင်မျက်ဝန်းအိမ်များတွင် မီးရှူးမီးပန်းရောင်စုံများ ရောင်ပြန်ထင်ဟပ်လို့နေသည်။

ချင်ကျိုးက ဖုန်းထဲက မီးရှူးမီးပန်းသံများကိုကြားတော့ မေးလိုက်သည်။

"ခင်ဗျားလည်း ရှိနေတာလား?"

"အင်း"

ဟယ့်ရန်က ပြန်ဖြေသည်။

ဟယ့်ရန်သည် ပြတင်းပေါက်နားတွင်ရပ်ကာ မီးရှူးမီးပန်းများကို ကြည့်နေသည်။

သူတို့နှစ်ဦးသည် ဟိုတယ်တစ်ခုတည်း၊ တစ်နေရာတည်းမှာနေပြီး မတူညီသောအထပ်တွင် ရှိနေသည်။

သို့သော် ဟယ့်ရန်က အောက်ထပ်သို့ဆင်းလာပြီး အနှောင့်အယှက်မပေးဘဲ မီးရှူးမီးပန်းများကို အတူကြည့်ရင်းသာ ဖုန်း၏အခြားတစ်ဖက်မှလူကို အဖော်ပြုပေးနေသည်။

ဟယ့်ရန်က မေးသည်။

"ဆုတောင်းချင်လား?"

"ဘာဆုတောင်းရမှာလဲ?"

ချင်ကျိုးက ခပ်ဖွဖွရယ်လိုက်သည်။

"အားလုံးရတယ်"

ဟယ့်ရန်က မျက်လွှာချကာ ခပ်တိုးတိုးပြောလိုက်သည်။

"မွေးနေ့မှာဆုတောင်းရင် ဆုတောင်းပြည့်တယ်"

"ကျွန်တော်က ကလေးမှမဟုတ်တာ"

ချင်ကျိုးက ရယ်လိုက်သည်။

ဟယ့်ရန်က စကားမပြောပေ။

သူက ကလေးလေးမှန်းသိသာပါတယ်။ အရ​က်မူးလာရင် တခြားလူတွေကိုအတင်းဆွဲခေါ်ပြီး ပုံပြင်နားထောင်ချင်တယ်လို့် ဂျီကျတယ်။

ခဏကြာတော့ ဟယ့်ရန်က ထပ်ပြီးပြောသည်။

"ဆုတစ်ခုတောင်း"

"တကယ် တောင်းချင်တဲ့ဆုမရှိဘူးထင်တာပဲ"

ချင်ကျိုးက ရယ်လိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now