အပိုင်း (၄၆)

11.7K 1.8K 302
                                    

((Zawgyi))

အပိုင်း (၄၆)
သုံးနှစ်နောက်​ကျ​​တဲ့ လက်ထပ်ခွင့်တောင်းခြင်း

👾👾👾

ဟယ့်ရန်သည် ထိုင်ခုံနောက်မှီရင်း ရေကန်နားက ထိုသူနှစ်ဦးကို ကြည့်နေသည်။

အဓိကဇာတ်ဆောင်နှစ်ဦးက အရှေ့သို့တိုးသွားကာ နှစ်ဦးသား ပို၍နီးကပ်လာပြီး အချင်းချင်း ပွေ့ဖက်ထားတော့မည့်အလား ထင်မှတ်ရသည်။

ဟယ့်ရန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ လက်ချောင်းထိပ်များဖြင့် ထိုင်ခုံလက်တန်းကို အထိန်းအချုပ်မဲ့စွာ တတောက်တောက်ခေါက်နေသည်။

ဘေးနားရှိ ဒါရိုက်တာက စိတ်အားထက်သန်စွာ ရှင်း​ပြသည်။

"ဒီနေ့ သူတို့က ပထမဦးဆုံး အနမ်းခန်း​ရိုက်ကြတာ!"

ယွမ်လျဲ့က အဲ့ဒါကိုကြားတော့ ဘေးနားက အမျိုးသားကို လှမ်းကြည့်ပြီး အသာပြုံး၍ ပြောလိုက်သည်။

"သရုပ်ဆောင်တွေ အနမ်းခန်းရိုက်ကြတာလည်း ပုံမှန်ပါပဲ"

အမျိုးသားက ဘာမှမတုန့်ပြန်ဘဲ ထိုသူနှစ်ဦးကိုသာ ဆက်ပြီး ​သေချာစိုက်ကြည့်နေသည်။

ယွမ်လျဲ့က အကြည့်ကိုရုတ်ကာ ရေကန်ဘက်သို့ လှမ်းကြည့်လိုက်တော့ အမျိုးသားသရုပ်ဆောင်က အမျိုးသမီးသရုပ်ဆောင်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်တာ တွေ့ရသည်။

သူတို့နှစ်ဦးက နဖူးချင်းထိကပ်ထားကာ ချစ်သူများကြားမှ ရင်းနှီးသည့် ပွတ်သီးပွတ်သပ်အမူအရာများအတိုင်း ပြုမူနေကြသည်။

သို့သော် အဓိကဇာတ်ဆောင်နှစ်ဦး နမ်းရှိုက်ကြတော့မည့်အချိန်ဆဲဆဲ၌ ယွမ်လျဲ့သည် သူ့ဘေးနားမှ ထွက်ပေါ်လာသော စားပွဲခုံမှောက်သွားသည့်အသံကို ရုတ်တရတ် ကြားလိုက်ရသည်။

စားပွဲခုံက မြေကြီးပေါ်သို့ ဆိုးဆိုးရွားရွား မှောက်ကျသွားကာ ခုံပေါ်မှာတင်ထားတဲ့ ပစ္စည်းပစ္စယတွေပါ အကုန်အောက်ပြုတ်ကျကုန်သည်။ ယွမ်လျဲ့ ခေါင်းမော့ကြည့်လိုက်တော့ အမျိုးသား၏ မျက်နှာတစ်ခုလုံးက မည်းမှောင်လို့နေတာ တွေ့ရသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now