အပိုင်း (၁၁)

8.6K 1.1K 31
                                    

((Zawgyi))

အပိုင်း (၁၁)
ဆေးရုံ

👾👾👾

အိပ်မက်က လန့်နိုးလာပြီးနောက် ရွှီချန်ရန့်သည် အေးစက်ကာ အထီးကျန်ဆန်သည့် အိပ်ခန်းလေးကို ကြည့်ရင်း စက္ကန့်ပိုင်းမျှ တွေဝေမိန်းမောနေမိသည်။

သူ့နံ​ဘေးမှာ ထုံးစံအတိုင်း လူသူကင်းမဲ့နေသည်။ ရွှီချန်ရန့်သည် အိပ်ရာမှ ထလိုက်ကာ သူ့နဖူးကို နှိပ်နယ်လိုက်သည်။ သူခေါင်းမူးတာက အရှင်းမပျောက်သေးသော်လည်း မနေ့ညကထက်တော့ အများကြီး ပိုသက်သာလာသည်။

ရွှီချန်ရန့်က ကုတင်ပေါ်မှဆင်းပြီး အဖျားပျောက်ဆေးကို အရင်သွားသောက်လိုက်သည်။ ထို့နောက် သူ ဖုန်းယူကြည့်လိုက်တော့ အချိန်က မွန်းတည့်​နေပြီဖြစ်သည်။

တနင်္လာနေ့ဖြစ်သောကြောင့် သူ့မှာ အတန်းချိန်မရှိပေ။ ထို့ကြောင့် ရွှီချန်ရန့်က အပြင်မထွက်ဘဲ အိမ်မှာနေကာ အနားယူလိုက်သည်။

ညနေရောက်တော့ ဟယ့်ရန် အိမ်ပြန်မလာသေးသည်နှင့် ရွှီချန်ရန့်က သူ့ဆီဖုန်းခေါ်လိုက်သည်။

"လူကြီးမင်း၊ ည​နေကျ အိမ်ပြန်လာမှာလား?"

ရွှီချန်ရန့်က မေးလိုက်သည်။

"​​ဒီညနေ လုပ်စရာရှိတယ်"

ဖုန်း၏အခြားတစ်ဖက်မှ အသံက အနည်းငယ်အေးစက်နေသည်။ သူက ပြောပြီးတာနှင့် ဖုန်းချသွားတော့သည်။

ရွှီချန်ရန့်သည် ဖုန်းဖန်သားပြင်ပေါ်ရှိ စက္ကန့်ပိုင်းလောက်သာ ကြာလိုက်သော ဖုန်းမှတ်တမ်းလေးနှင့် အသားကျနေပြီဖြစ်သည်။

နောက်ဆုံးကျ လူကြီးမင်းက အရမ်းအလုပ်များတယ်လေ။ တစ်ခါတစ်လေဆို အချိန်ပိုလုပ်ရတာတွေ ဘာတွေတောင် ရှိတတ်သေးတာ ပြန်မလာဖြစ်လည်း ဒါက ပုံမှန်ပါပဲ။

ရွှီချန့်ရန့်တစ်ယောက် ထိုင်ရာမှထကာ မီးဖိုခန်းထဲသွားပြီး ရှိတာတစ်ခုခုရှာစားရန် ပြင်လိုက်သည်။ ထိုအချိန်၌ လူခေါ်ခေါင်းလောင်းက ရုတ်တရတ် အသံမြည်လာသည်။

ရွှီချန်ရန့် သွားကြည့်လိုက်တော့ အပြင်မှာရောက်နေသူက ကျန်းလင်ဖြစ်နေသည်။ သူက တံခါးဖွင့်ပေးလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now