အပိုင်း (၉၉)

9.4K 1.6K 68
                                    

((Zawgyi))

အပိုင်း (၉၉)
ရေသူမလေးနှင့် မင်းသားလေး

👾👾👾

ချင်ကျိုးက အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

"လက်ပတ်နာရီမဝတ်ဘူးလား?"

ဟယ့်ရန်က သူ့အင်္ကျီလက်နားကို ဖြန့်ချကာ သူ့လက်ကောက်ဝတ်ကို ဖုံးလိုက်ရင်း တိုးညင်းစွာ ပြောသည်။

"ပျက်သွားပြီ"

ချင်ကျိုးက အသံပြုလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

ထိုအချိန်တွင် ရှောင်ချန်က ပုံပြင်စာအုပ်လေးကို ကမ်းပေးကာ:

"ချင်ကျိုးကောကောရဲ့ ရေသူမလေးပုံပြင် နားထောင်ချင်တယ်"

ချင်ကျိုးက ပုံပြင်စာအုပ်ကိုယူ၍ ရေသူမလေးပုံပြင် အခန်းစာမျက်နှာကိုလှန်ကာ ဖြည်းညင်းစွာ ဖတ်ပြလိုက်သည်။

ဟယ့်ရန်က ဘေးနားမှာထိုင်ပြီး တိတ်ဆိတ်စွာ နားထောင်နေသည်။

လူငယ်လေး၏အသံက အလွန်နွေးထွေးညင်သာဆဲဖြစ်ပြီး အသံနားထောင်ရုံနှင့် လူကို သက်တောင့်သက်သာ ခံစားရစေသည်။

"မင်းသားလေးနိုးလာတဲ့အခါ မင်းသမီးလေးကို မြင်လိုက်ရတယ်"

ချင်ကျိုးက နောက်စာမျက်နှာတစ်ရွက်ကို လှန်လိုက်သည်။

ချင်ကျိုးက ရေသူမလေးပုံပြင်၏ အရှေ့ပိုင်းဇာတ်ကွက်များကို ပုံပြင်စာအုပ်ထဲမှာ ပါသည့်အတိုင်း ဖတ်ပြနေသည်။

သို့သော် ပုံ​ပြင်နောက်ပိုင်းသို့ ရောက်လာသည့်အခါ ချင်ကျိုးက ဇာတ်လမ်းကိုပြောင်းလိုက်သည်။

"ရေသူမလေးက စာရွက်ပေါ်မှာ ချရေးပြီး သူကို အမှန်တကယ် ကယ်တင်ခဲ့တဲ့လူဟာ သူမကိုယ်တိုင်သာဖြစ်ကြောင်း မင်းသားလေးကို ပြောပြလိုက်တယ်"

"ဒါနဲ့ မင်းသားလေးက အိမ်နီးချင်းတိုင်းပြည်က မင်းသမီးလေးနဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပြီး ရေသူမလေးနဲ့ လက်ထပ်ပွဲကို ကျင်းပခဲ့တယ်၊ အားလုံးက သူတို့ဆီလာပြီး ဂုဏ်ပြုဆင်နွှဲကြတယ်---"

"နောက်ဆုံးမှာတော့ မင်းသားလေးနဲ့ ရေသူမလေးတို့ဟာ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွားတော့တယ်"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now