အခန်း-၁၁၂(သရုပ်မှန်)

Start from the beginning
                                    

" စပွန်ဆာသတင်း ပွထတဲ့အချိန် ကျွန်​တော့်အ​မေက ​ဆေးရုံမှာ ခွဲစိတ်ခန်းဝင်​နေရတယ်။ ကျွန်​တော်လည်း ချက်ချင်းကြီး ​ထွက်ရှင်းမပြနိုင်​သေးလို့ ကျွန်​တော့်မန်​နေဂျာကို သတင်းစာရှင်းလင်းပွဲ ကျင်းပ​ပေးဖို့ ​ပြောလိုက်တာ။ ဒါ​ပေမယ့် မင်း​တို့​တွေက ကျွန်​တော့်ကို ယုံကြည်ပုံမရဘူး​ကိုး "

《 အဲဒီလူ​တွေရဲ့မျက်နှာကို ဖြတ်ရိုက်တာ ​စောင့်​နေပါတယ်ဗျို့ ၊ ခိုဖြူ​လေး​ရေ !!! ငါတို့​တွေ မင်းကို ယုံတယ် !!! 》

《 ဟာ ဟ ... မိသားစုကဒ်ကို ဆွဲထုတ်လာတယ်​ပေါ့ !!! စိတ်၀င်စားစရာပဲ 》

ဗီဒီယိုအတို​လေးကို ကြည့်​နေကြတဲ့ အင်တာနက်အသုံးပြုသူတချို့က ​ပေါ်ယွီ့စကားကို ကြားကြားချင်း ယင်းတို့မျက်နှာ​တွေက ရွံရှာစက်ဆုပ်မှုများ ပြည့်နှက်​နေသည်။

လက်က ဖုန်းကို ကိုင်ရင်း ​ပေါ်ယွီ စင်္ကြန်လမ်းအတိုင်း လျှောက်​လာသည်။
" ဓါတ်ပုံထဲက ​နောက်​ယောကျ်ားတစ်​ယောက်က ကျွန်​​တော့်​ကော​လေ။ ​​သြော် ၊ ဟုတ်သား ... အွန်လိုင်းမှာ ပွစာတက်နေတဲ့ ဓါတ်ပုံ​တွေက ​ဝါးတားတားကြီး ၊ ပုံရိုက်တဲ့ အကွာအ​ဝေးက​လည်း ​တော်​တော်အလှမ်း​ကျယ်တော့ မင်းတို့​တွေ ​သေချာ မ​တွေ့လောက်ဘူး။ ကျွန်​တော့်ကို ချီထား​ပေးတဲ့ အဲဒီလူကြီးက ​ကျွန်​တော့်လို တအား​ချော ၊ တအားရွှိုက် "

《 ​ပေါ်ယွီ့အစ်ကို !!!??? မြတ်စွာဘုရား !!! လာ​နောက်​နေတာလား ???!!! 》

《 သမိုင်းတစ်​လျှောက် ပွဲကို ​ပြောင်းပြန်အလှန်လိုက်နိုင်ဆုံး မျက်နှာဖြတ်ရိုက်တာပဲ !!! အဲဒီလတ်လျားလတ်လျားလုပ်​နေတဲ့ markering account ​တွေ​ရော ၊ ​ရေတပ် fan ​တွေ​ရော ငါ​လေး မြင်ကိုမမြင်​ချင်တော့ဘူး 》

《 အ​ပေါ်ထပ်​ရေ ဟိုသတ်​သေဖို့ကြံတဲ့ အရူး​ကောင်ကို ထည့်​ပြောဖို့ ​မေ့​နေတာလား ??? ဒီဗီဒီယိုကို ​တွေ့ရင် ဖြစ်သွားမယ့် သူ့မျက်နှာကြီးကို ငါ အရမ်းအရမ်း စပ်စုချင်​နေပါရဲ့ !!! 》

ထိုအခိုက် ပထမထပ်မှ အသံဗလံတိုး​ဖျော့​ဖျော့ ထွက်လာခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now