မန်နေဂျာဟွမ်းက ခေါင်းညိမ့်လိုက်သည်။ သူ့က အေးဆေးတဲ့ ပုံစံမဟုတ်တော့ဘဲ တလေးတစားနှင့် ပြန်ဖြေလိုက်၏ "ကျွန်တော်တို့ ပြိုင်ဘက်က ဒီတခေါက်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာ အရမ်းသိသာပါတယ်။ ကျွန်တော် သတိထားကြည့်ရသလောက် လျူယင်း နဲ့ အဲ့အလုပ်သင်၃ယောက်ကသာ ရန်သူတွေပါ။ သူတို့စကားတွေထဲ အပေါက်တွေ ရှိနေပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးလိုက်ဖို့တော့ လွယ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ကတော့...."

မန်နေဂျာ ဟွမ်းက နင်၀မ့်ထောင်ကို တချက်ကြည့်လိုက်ပြီး အရိပ်အချည် ကြည့်လိုက်သည်။

CEOနင်က ကုမ္ပဏီ နှစ်အများကြီး ကိုင်တွယ်ခဲ့တာဖြစ်သည်။ သူက ဘာမှ မဟုတ်ပေမယ့် အရူးတစ်ယောက်လို ဖြစ်လေ၏။ ဒီတလောအတွင်း စိတ်တွေဖြေလျော့ပြီးနောက်မှာတော့ နင်၀မ့်ထောင်က ကုမ္ပဏီကိစ္စတွေကို ဂရုစိုက်မနေတော့ချေ။

ထိုသို့တွေးပြီးတာနှင့် လေးစားစွာနှင့် ဆက်ပြောလိုက်၏ "ကျွန်တော်တို့နဲ့ ဆက်ဆံရေးကောင်းတဲ့ မီဒီယာတွေထဲက ပြောပုံအရဆို အမည်မသိ  တစ်စုံတယောက်က ကုမ္ပဏီရဲ့ အနုပညာရှင်တွေကို Missအဖြစ် ဖျော်ဖြေပေးဖို့ဆိုပြီး သူဌေး ခေါ်သွားတဲ့ ဗီဒီယိုတွေပို့လာခဲ့တယ်တဲ့"

အရင်ကိစ္စတွေက စကားနိုင်လုတာသာ ဖြစ်ပေမယ့် အကယ်၍ ဓာတ်ပုံတွေ ဗီဒီယိုတွေသာ ထွက်လာပါက အခြေအနေတွေ ပြောင်းသွားမှာဖြစ်သည်။ နင်၀မ့်ထောင်က မျက်ခုံးကျုံ့လိုက်ရင်းသာ သက်ပြင်းချလိုက်သည်။ သူ့အနေနဲ့ လုံလုံလောက်လောက် လုပ်ပြီးပြီ ထင်ခဲ့ပေမယ့် ကိစ္စက အခုလောက်ထိ လေးနက်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

သူ့သမီးဖြစ်သူကို ဖျက်စီးခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရပေမည်။ နေ့တိုင်း မပျော်မရွှင်ဖြစ်နေတဲ့ သူမကို မြင်နေရတဲ့အခါ သူမ စိတ်ပျော်ရွှင်စေဖို့အတွက် လက်တွေ့မဆန်တဲ့ အတွေးကို ရခဲ့တာဖြစ်၏။ အခုချိန်မှာတော့ အကျိုးဆက်တွေက ထွက်ပေါ်လို့ လာလေပြီ။

ထိုကိစ္စကို ပိုတွေးတဲ့အခါ သူ့ စကားသံတွေက လေးလံလာ၏ "တာ၀န်ယူရမယ့် အရာအားလုံးကို ငါ့ကိုသာပုံချလိုက်။ လူတိုင်းရဲ့ အာရုံကို လမ်းညွှန်ဖို့ နည်းလမ်းရှာလိုက်‌ချေ။ အားလုံးက ငါ့တစ်ကိုယ်တည်း စိတ်ချမ်းသာဖို့အတွက် အလိုလိုက်မှုသက်သက်ပဲလို့ သူတို့ ထင်အောင်လုပ်လိုက်"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora