"အိုကေ" ဆိုသော စကားကို ဂရုတစိုက် ပြောလာတဲ့အခါ ဟော်ပေ့ချန် အနည်းငယ် ပြုံးမိသွားသည်။

သူ့နှလုံးသားက အလိုလိုက်ပေးနေမှတော့ ဘယ်လိုလုပ်ပြီး သူမကို ဖိအားပေးရက်မှာလဲ?

အပေါ်သို့ ကြည့်ပြီး သက်ပြင်းသာချလိုက်ကာ "ကောင်းပြီ"

ထိုသို့ပြောတဲ့အခါမှ ချက်ချင်းဆိုသလို သူမ စိတ်သက်သာရာရသွားတာဖြစ်သည်။ အစပိုင်းက စိတ်တိုင်းမကျမှုတွေက တဖြည်းဖြည်း ပျောက်ကွယ်လို့ သွားလေ၏။ သူမ ပြောနေသ၍ အရာအားလုံး အဆင်ပြေပါသည်။ သူမက မပြောင်းရွှေ့ချင်သေးဘူး ဆိုမှတော့....သူ့ အနေနဲ့ ဒီထပ်ကောင်းအောင် ပြုမူ ရမယ် ဆိုတာပဲလေ။

ယွီရှုဥယျာဉ်ကို ကားရောက်သွားတဲ့အခါ နင်မုန့်က ပျော်ရွှင်စွာနဲ့ ဟော်ပေ့ချန်ကို နှုတ်ဆက်လိုက်လေ၏။ ကားထဲမှ ဆင်းပြီး တိုက်ခန်းဆီသို့ လမ်းလျှောက်သွားလိုက်ပေမယ့် ၂စက္ကန့်လောက် ကြာပြီး လော်ဘီထဲ ၀င်ခါနီးတဲ့အခါ သူမက ပြန်လှည့်လာလေ၏။

ဟော်ပေ့ချန်ကလည်း ကားတံခါးကို ချလိုက်ကာ သိချင်စွာနှင့် "အင်း?"

နင်မုန့်က ဟော်ပေ့ချန်ကို ခေါင်းငုံ့လိုက်ရန် လက်ဟန်ခြေဟန်နှင့် လုပ်ပြလာ၏။ သူ မသိလိုက်ခင်မှာပဲ သူမ နှုတ်ခမ်းက သူ့ပါးပေါ်သို့ ဖြတ်ကနဲ ကျရောက်လာသည်။ "Goodnight~"

ပြီးနောက်မှာတော့ ရှက်ရှက်နှင့် ပြေးထွက်သွားလေတော့၏။

"…"

ထိုင်ခုံမှာတင် အေးခဲသွားတဲ့ အခုလေးတင် အနမ်းခံလိုက်ရတဲ့ ပါးကို  ဖြည်းဖြည်းချင်း ထိလိုက်၏။ ဒီနေ့အတွက် ဒါက တတိယမြောက် အနမ်းဖြစ်သည်။ သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေတော့၏။

-

တိုက်ခန်းကို နင်မုန့် ရောက်တဲ့အခါ ချက်ချင်းပဲ အခန်းထဲသို့ တန်းဝင်လိုက်သည်။ အလင်းရောင်တွေ ကျရောက်နေတဲ့ သူမ မျက်နှာက ‌နီရဲနေသေးတုန်းဆိုတာ သူမ ခံစားလို့ရနေသည်။ သူမ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ကားပေါ်ထိုင်နေတဲ့ ဟော်ပေ့ချန်ကို တွေ့လိုက်ရသည်။ သူမ ကြည့်နေတာကို သူက ခံစားရသည့်အလား အပေါ်ကိုကြည့်လျက် လက်ဝေ့ယမ်း ပြလာလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now