အခန်း-၁၀၈(ထုတ်​မေးခြင်း)

Start from the beginning
                                    

​ပေါ်ယွီ ​​ဆိုသည်ကို ချင်ရှန်း ကြားကြားချင်း သူမရဲ့မျက်နှာအ​ရောင်က ချက်ချင်း ဖြူဆုတ်​သွေး​ဖျော့လာသည်။​ပေါ်ယွီ ဆက်​ပြောရန် သည်းခံထားလိုက်၏။

​ဒေါက် ... ​ဒေါက် ...

လယ်သာရှူးဖိနပ်၏ခွာနှင့် ​ကြွေပြားရိုက်သံက တိုးဖျဖျ။

​ပေါ်ယွီ ​ခေါင်းလှည့်ကြည့်သောအခါ သူ့​နောက်တွင် ရပ်​နေသည့် ​ပေါ်လျန်အား ​တွေ့လိုက်ရသည်။စိုးထိတ်မှုတချို့က ​ပေါ်ယွီ့စိတ်ဘဂဝင်အတွင်း လှစ်ခနဲ ဖြတ်သန်းသွားလင့်ကစား စားဝတ်​နေ​ရေးအဖို့ သရုပ်​ဆောင်စွမ်းရည်ထံ၌ မှီခို​နေရ​သော ကျွမ်းကျင်အဆင့် ပါရမီရှင်တစ်​ယောက်ဖြစ်သည်နှင့်အညီ မ​ရှေးမ​နှောင်း ပုံမှန်အရိပ်အခြည်ပြန်ဖြစ်​စေလိုက်၏။
" ​ကော ကုမ္ပဏီအလုပ်​တွေ ပြီးခဲ့ပြီလား ??? "

​ပေါ်လျန်က ​ပေါ်ယွီအား ​ဝေ့ခနဲ ကြည့်လိုက်၏။သူသာ အ​ကြောင်းစုံ ကြိုသိမထားခဲ့ပါလျှင် ​ပေါ်ယွီ့မျက်နှာက​တစ်ဆင့် မည်သည့်မှားယွင်းမှုကိုမျှ ​ဖောက်ထွင်းမြင်နိုင်လိမ့်မည် မဟုတ်ပါတကား။

​နောက်ဆုံး​တော့ အရွယ်​ရောက်လာပြီကိုး ...

​ပေါ်လျန် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

ချင်ရှန်းက ​ပေါ်လျန့်ကို ခနဲ့တဲ့တဲ့ ​လှောင်ပြုံးပြုံးသည်။ဖုံးဖိမရ​သော အမုန်းတရားများနှင့် အ​ရေးမစိုက်ခြင်း​တွေက သူမမျက်ဝန်းထဲ၌ အထင်အရှား။
" ​ပေါ်လျန် ၊ နင် ဒီကို ဘာလာလုပ်တာလဲ ??? ငါက ဒီ​နေရာက​နေ နင့်ကို မကြိုဆိုဘူး "

" ကျွန်​တော်ကလည်း လာချင်မ​နေပါဘူး "
​ပေါ်လျန်က အနား​လျှောက်လာ၍ ​ပေါ်ယွီအား အ​ပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။
" ဒါ​ပေမယ့် ခင်ဗျားက ကျွန်​တော့်ညီကို ​ဒီမှာ ခေါ်ထား​တော့ လာရတာ​ပေါ့ "

" ကျွန်​တော် ခဏ​နေ ပြန်လာမှာ "

​ပေါ်ယွီက ​ပေါ်လျန့်မျက်လုံး​တွေကို တည့်တည့် အကြည့်မဆုံရဲ။သူ့သရုပ်​ဆောင်စွမ်းရည် ဘယ်လောက်​ကောင်း​ကောင်း ၊ အရာအားလုံးကို ထိုးထွင်းသိမြင်​နေသ​ယောင်ရှိ​သော ​ပေါ်လျန့်အကြည့်များနှင့် ​စေ့​စေ့ရင်ဆိုင်ရပါက ဟန်​ဆောင်ထားတာ​တွေ အကုန် ကွာကျပြီး အ​မှားမှားအယွင်းယွင်း​တွေ လုပ်မိမည်ကို သူ သိသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now