သူတို့နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြတာ ဖြစ်ပြီး မျက်လုံးနှင့် တိုက်ပွဲဝင်ကြတုန်း လေထဲမှ ဖိအားကလည်း တိုးလာလေ၏။

သူတို့ကို ကြည့်နေတဲ့ မန်နေဂျာဖြစ်သူပါ စိတ်လှုပ်ရှား ကြောက်ရွံ့လာလေသည်။ ဘော့စ် နှစ်ယောက်လုံးက အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပုံပေါ်နေ၏။ တကယ်လို့ အဲ့လိုသာ တိုက်ခိုက်ကြမယ်ဆိုရင် သူ့သီးသန့်စားသောက်ဆိုင်လေး အသက်ဆက်ရှင်နိုင်ပါ့ဦးမလား?

သူတို့ကြားမှ စစ်အေးတိုက်ပွဲ ၅စက္ကန့်လောက် ကြာမြင့်ပြီး နောက်မှာတော့ လီရိချန်က တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်လေ၏။

"ငါ သွားပြီ"

"လိုက်မပို့တော့ဘူး"

ထိုသို့ ပြောပြီးတာနှင့် ဟော်ပေ့ချန်က နင်မုန့်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး သီးသန့်‌ခန်းထဲသို့ ခေါ်သွားလိုက်လေတော့သည်။ သူ အနည်းငယ် ဒေါသထွက်နေ၏။ သူမ ထွက်ပြေးသွားတာက ရှက်စိတ်ကြောင့် ဖြစ်သည်ဟု သူထင်ခဲ့ပေမယ့် လီရိချန်နဲ့တောင် တွေ့နေသေးတယ်?

နင်မုန့်ကို ကြည့်နေခဲ့တဲ့ လီရိချန်ရဲ့ အကြည့်တွေကို ပြန်တွေးမိရင်း ဟော်ပေ့ချန်ဆီမှ အရိုင်းဆန်တဲ့ အရှိန်အဝါတို့က ထွက်ပေါ်လာလေ၏။ စကားတစ်ခွန်းတောင် ဆိုမနေတော့ဘဲ သီးသန့်ခန်းထဲသို့ ဒေါသတကြီးနှင့် ၀င်ခဲ့လိုက်တော့လေသည်။

ဘန်း!

အခန်းတံခါးက ပိတ်လို့ သွားလေ၏။

ဟော်ပေ့ချန်က ဒေါသတို့ ပေါက်ကွဲထွက်ဖို့ လှည့်ကြည့်လိုက်ချိန်မှာ စိတ်သက်သာရာ ရသွားဟန်နှင့် ရင်ဘတ်ကို သပ်နေသော နင်မုန့်ကို တွေ့လိုက်ရသည်။ ပြီးနောက်မှာတော့ ကျေးဇူးတင်တဲ့ လေသံနဲ့ ပြောလာလေ၏ "ယောက်ျား ရှင် အချိန်မှီရောက်လာတာ တကယ် ကံကောင်းတာပဲ မဟုတ်လို့ကတော့ ကျွန်မ လက်သီးသေးသေးလေးတွေနဲ့ လီရိချန်ကို အနိုင်‌ရအောင် တိုက်နိုင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး!"

"??"

နင်မုန့်က မျက်ခုံးတွေကို ကျုံ့လိုက်ရင်း "တကယ်သိလား လန့်သွားတာပဲ။ ကျွန်မက စုထျန်းထျန်းကို စကား ၂ကြောင်း ၃ကြောင်းလောက်နဲ့ပဲ စော်ကားမိတာပါ ဒါပေမယ့် လီရိချန်ရဲ့ အကြည့်တွေကတော့ တစ်ယောက်ယောက်ကို ဝါးစားတော့ မတတ်ပဲ..."

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tahanan ng mga kuwento. Tumuklas ngayon