ရှောင်လုံခန္ဓာကိုယ်ရဲ့ရုတ်တရက် ပြောင်းလဲမှုကိုကြည့်ရင်းနဲ့ ယန်အန်ပြောင်းလဲမှုကြောင့်အံသြနေရာကနေ ပြန်ပြီးသတိဝင်လာကျတဲ့ လူတွေအကုန်လုံး နောက်တခါထပ်မံအံအားသင့်ကုန်ကြပြန်သည်။
"... ဒါ... ဒါ.. ဘာသိုင်းကျင့်စဉ်လဲမသိဘူး...?"
"... သတ်ဖြတ်ချင်း အရှိန်အဝါတွေက အရမ်းကိုကြောက်စရာကောင်းလှပါလားကွ... "
"...သူပြောင်းလဲပြီးတာနဲ့ သူ့ရဲ့ခွန်အားက အများကြီးကိုမြင့်တက်လာပါလား.... ?  အရမ်းကိုသန်မာလာတာပဲဟ... !"

အံအားသင့်နေကျတဲ့ လူအုပ်ကြီးဆီကနေ ရှောင်လုံအကြောင်းဆွေးနွေးသံတွေက ရုတ်ရုတ်သဲသဲ ထွက်ပေါ်လာကြသည်။ ရှောင်လုံရဲ့ခွန်းအားတွေက အရမ်းကိုမြင့်တက်လာတယ်ဆိုတာ လူတွေအကုန်လုံးခံစားမိလိုက်ကြသည်။ ရှောင်လုံခန္ဓာကိုယ်အသွင်ပြောင်းပြီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ သူ့အရှိန်အဝါတွေကြောင့် ကိုင်ဆာခြင်္သေ့အသွင်ကိုပြောင်းလဲထားတဲ့ ယန်အန်တောင်မှ သူ့အပေါ်ကိုကြီးမားတဲ့ဖိအားတွေကျရောက်လာသလို ခံစားလိုက်ရ၏ ။

ရှောင်လုံရဲ့အနောက်ဘက် မလှမ်းမကမ်းကနေ သိုင်းပြိုင်ပွဲကို စိတ်ဝင်တစားအကဲခတ်ကြည့်ရှုနေတဲ့ ဖေးဟိုက ရှောင်လုံရဲ့ပြောင်းလဲမှုကိုကြည့်ရင်း သူ့ရင်ထဲမှာ စိတ်လွန်းရှားလွန်းလို့ အရမ်းကိုတုန်လှုပ်သွားကာ သူ့ခန္ဓာကိုယ်ကလဲ စိတ်လှုပ်ရှားမှုကြောင့် စတင်တုန်ခါလာလေသည်။

နတ်ဆိုးခန္ဓာကိုယ်.....
ဒါက နတ်တံခါးဂိုဏ်းအတွက် ဒဏ္ဍာရီပုံပြင်တပုဒ်လိုမျိုး အရမ်းကို နာမယ်ကြီးတဲ့ အထွတ်အထိပ် နတ်ဆိုးအသွင်ပြောင်းလဲခြင်းပဲ ဖြစ်လေသည်။ ရှောင်လုံအနောက်ကို ခုနှစ်နှစ်လောက် လိုက်ခံခစားပြီးတဲ့နောက်မှာတော့ ဖေးဟိုတယောက် သူတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေသာကျင့်ကြံနိုင်တဲ့ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို ရှောင်လုံဆီမှာ တွေ့မြင်နိုင်ခွင့်ရခဲ့ပြီလေ.. ။

ဖေးရွန်ကလဲ သူ့အဖေ အရမ်းကိုပျော်ရွှင်နေတဲ့ပုံစံဖြင့် ခန္ဓာကိုယ်တွေပါတုန်ယင်နေတာကိုသတိထားမိလိုက်ကာ သူရင်ထဲမှာ အရမ်းကိုထူးဆန်းလာသလိုမျိုးခံစားလိုက်ရ၏ ။ ရှောင်လုံက သူနတ်ဆိုးခန္ဓာကိုယ်အသွင်ပြောင်းလဲပြီးတာနဲ့ သူ့နောက်ကျောဘက်က မိစ္ဆာတောင်ပံနှစ်ခုကိုရုတ်တရက်ဆန့်ထုတ်လိုက်၏ ။ အဲ့နောက်လူအုပ်ကြ်ိးက အမဲရောင်ပုံရိပ်တခုဖျက်ကနဲပျောက်ကွယ်သွားတာကိုမြင်တွေ့လိုက်ကြလေသည်။ပျောက်ကွယ်သွားတဲ့ အမဲရောင်ပုံရိပ်က အရမ်းချင်မြန်လွန်းတာမို့ သူတို့စိတ်ထဲမှာ ထူးဆန်းအံသြနေကျစဉ်မှာပဲ ရှောင်လုံပုံရိပ်က ယန်အန်ကှေ့ကိုရောက်ရှိနေပြီပဲ ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Tahanan ng mga kuwento. Tumuklas ngayon