အခန်း-၁၀၆(အစွဲအလမ်း)

Start from the beginning
                                    

​ပေါ်ယွီက တိတ်ဆိတ်စွာ နှုတ်ခမ်းကို တင်းတင်း ​စေ့ပိတ်လိုက်သည်။

အိမ်​တော်ထိန်းရှန်က ​ပေါ်အိမ်​တော်၌ ဆယ်စုနှစ်များစွာ တာဝန်​ထမ်း​ဆောင်ခဲ့သည့်အပြင် ကိစ္စများ ကိုင်တွယ်ခြင်းတွင်လည်း ​စေ့စပ်အနုစိတ်သူဖြစ်ရာ ဤကဲ့သို့အဆင့်နိမ့်နိမ့် အမှားမျိုးကို လုပ်လိမ့်မည်ဟု ​ပေါ်ယွီ မယူဆ။

ထမင်းစားခန်းထဲ ၀င်လာတဲ့ ​ပေါ်လျန်က ၎င်းမြင်ကွင်းကို ​တွေ့​သောအခါ ဟိုတ​လောကမှ သူတို့အိမ် ​ရောက်လာသည့် ၊ အိမ်​တော်ထိန်းရှန် လက်သပ်လေ့ကျင့်​​ပေး​နေတဲ့ အိမ်​ထိန်းအသစ်​လေးရဲ့၀တ္တရားပျက်ကွက်မှုဖြစ်နိုင်​ကြောင်း အတပ်သိလိုက်သည်။ထို့​နောက် ​ပေါ်လျန်ဟာ စိတ်မ၀င်စားစွာ အမိန့်​ပေးလိုက်၏။
" အ​သေးအဖွဲကိစ္စ​လေး​တွေ​ကိုတောင် ​ကောင်း​ကောင်း မ​ဖြေရှင်းနိုင်တာ ​တခြားတစ်​ယောက် ​ရွေးလိုက် "

အိမ်​တော်ထိန်းရှန်က တိုးညှင်းစွာ ​ဖြေသည်။
" ဟုတ်ကဲ့ "

အိမ်​တော်ထိန်းရှန် လျာထား​​သော လူငယ်​လေးက အ​တော်​​လေး သွက်သွက်လက်လက်နှင့် ဖင်​ပေါ့သည်။ရိုးရိုးတန်းတန်း ပုံမှန်အချိန်ဆိုလျှင် ထို​ကောင်​လေး ​တော်ရုံတန်ရုံ အမှားလုပ်မိတာမျိုး ရှိပါက သူ အဲဒီက​လေးအား သီးသန့် ကြိတ်သင်​ပေးလိုက်လို့ ရဦးမည်။

သို့​ပေမင့် လုပ်လိုက်သည့် အမှားဟာ ဒုတိယသခင်​လေးနှင့် သက်ဆိုင်ခြင်း အလျဉ်း မရှိ​စေရ။

အကြီးဆုံးသခင်​လေးနှင့် ဒုတိယသခင်​လေးတို့က သခင်​ငယ်​လေးကို တန်ဖိုးထားသည်။အကြီးဆုံးသခင်​လေးက ရှိသမျှအရာအားလုံး၌ ဒုတိယသခင်​လေးကို ​ရှေ့တန်းတင်ဦးစား​ပေးသည်။

အိမ်​တော်ထိန်းရှန် သက်ပြင်းချလိုက်၏။အရည်အချင်းပြည့်မီ​သော အိမ်​တော်ထိန်းတစ်ဦးအ​နေဖြင့် သခင်ဖြစ်သူရဲ့မျက်လုံးကို ဖတ်တတ်ရန် သင်ယူခြင်းက အိမ်ကို ​ကောင်းစွာ စီမံခန့်ခွဲနိုင်ရန် သင်ယူခြင်းထက် ပိုမို အ​ရေးကြီးသည်။

______________

တစ်ခု​သော ​ည​နေခင်း၀ယ် ဟွားချန်မြို့​တော်၏ အဆင့်မြင့်လက်ဖက်ရည်အိမ်​တော်၌ အထက်တန်းလွှာ သခင်မများက လက်ဖက်ရည် သုံး​ဆောင်ရင်း စကားစမြည်​ စု​ဝေးပြောဆို​နေကြသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now