အခန်း-၁၀၆(အစွဲအလမ်း)

Start from the beginning
                                    

​ပေါ်လျန်က ဦး​ခေါင်းကို ​ပေါ်ယွီ့ဘက် လှည့်လျက် ​အ​ရေးမထားဟန်ဖြင့် ​ပြောလိုက်သည်။
" မင်း ​ပျော်သ​ရွေ့ ရတယ် "

ကားအတွင်း ၀န်းရံ​နေ​သော ထူးဆန်းသည့် ​​လေထုအ​​ခြေအ​နေကြီးကို ​ပေါ်ယွီ ရုတ်တရက် သတိပြုလိုက်မိ​သော်ငြား ဤမူမမှန်​သော ​လေထုကြီးက ဘာကို ဆိုလိုမှန်း သူ မ​ဖော်နိုင်​​သေးမီ ​ပေါ်လျန်က တစ်ဖန် စကားစလာပြန်သည်။
" အရင်ဆုံး အိမ်ပြန် တစ်ခုခု စားကြစို့ ၊ ​နောက်မှ ​ကောတို့ ​ပြောကြမယ် "

___________________

​ပေါ်လျန်တစ်​ယောက် ကားတံခါးဖွင့်ပြီး ​အောက်ဆင်းမည်အပြု ပေါ်ယွီက ဆိုင်းမဆင့်ဗုံမဆင့် ဆိုလိုက်၏။
" ​စော​စောတုန်းက ​ယောကျ်ားက ​ကောဖို့ဆို တကယ် မသင့်​တော်ဘူး။ ​ကော ​တကယ်ကြီး အမျိုးသား​တွေကို ကြိုက်တယ်ဆိုရင်​တောင် ​ကောင်းမွန်တဲ့သူမျိုးကိုပဲ ရှာသင့်တယ် "

စကားဆုံးသည်နှင့် ​ပေါ်လျန် တုံ့ပြန်သည်ကိုပင် မ​စောင့်ဘဲ ​ပေါ်ယွီဟာ တန်း​ပြေးထွက်သွားခဲ့သည်။​ပေါ်ယွီ့လှုပ်ရှားမှု​တွေက မြန်ဆန်လွန်းကာ နည်းနည်းမျှ တွန့်ဆုတ်မ​နေ။

{ T/N : အစ်ကိုကို သြဇာသီး​ရောင်းပြီးတာနဲ့ ​ကြောက်လို့ တန်း​ပြေးတာပဲ 🤣🤣🤣 }

​ပေါ်လျန် : ...............

ထမင်းစားခန်းထဲတွင် ဖရဲသီး​လေးက ဒူး​ပေါ် လက်​လေးနှစ်ဖက် တင်ထိုင်၍ စားပွဲထက်က အစားအ​သောက်​တွေကို စူးစမ်းနေသည်။က​​လေး​လေး၏ ​ခြေတံပုစိလေးနှစ်​ချောင်းကလည်း ​လေဟာနယ်၌ လှုပ်ယမ်း​နေသည်။

ပါးပါး ပြန်လာပြီ !!!

​ပေါ်ယွီက ဖရဲသီး​လေးအား အနမ်း​လေးတစ်ပွင့် ​ပေးလိုက်သည်။
" အိမ်​တော်ထိန်းရှန် ၊ အိမ်မှာ က​လေးထိုင်ခုံ​လေး ပြင်မထားဘူးလား ??? "

​ဖရဲသီး​လေးက အနှီအနမ်း​လေး​ကြောင့် ​ပျော်ရွှင်မြူးထူး​နေသည်မို့ ​ပေါ်ယွီ ​မေးမြန်း​နေတာ​တွေကို မကြား​ချေ။

အမြဲတ​စေ ဂရုတစိုက်နှင့် သတိရှိတဲ့ အိမ်​တော်ထိန်းရှန်က ​​​ပေါ်ယွီ ​မေး​မေးချင်း အံ့အားသင့်သွားကာ ထမင်းစားပွဲထိုင်ခုံတွင် ထိုင်​နေသည့် ဖရဲသီး​လေးအား အလိုအ​လျောက် လှမ်းကြည့်လိုက်သည်။သူ ကပျာကယာ ဝန်ခံလိုက်၏။
" ကျွန်​​တော် တာ၀န်ပေါ့ဆမိတာပါ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now