တဖက်မှ ဟော်ပေ့ချန်က သူ့ထိုင်ခုံ‌မှာ တန်းတန်းပြန်ထိုင်လိုက်သည်။ သူ့ နားရွက်တွေက နီရဲလို့နေပြီး သူ့နှုတ်ခမ်းတွေက အပြုံးနဲ့အတူ မြင့်တက်လို့နေ၏။

ခနအကြာမှာတော့ ဟော်ပေ့ချန် စီစဉ်ထားခဲ့တဲ့ ညစာအတွက် စားသောက်ဆိုင်ကို ရောက်လာလေပြီ ဖြစ်သည်။

ကားထဲမှ ခြေချလိုက်သည်နှင့် နင်မုန့်က စိတ်သက်ရာရစွာ သက်ပြင်းချနေချိန်မှာ ဟော်ပေ့ချန်က အတွေး‌များစွာ အကြည့်နှင့် သူမကို ရှည်ကြာစွာ ကြည့်လာလေ၏။

"..."

ထိုနေရာက ကိုယ်ပိုင်အိမ် ဟင်းလျာကို ၀န်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်ဖြစ်သည်။ အ၀ကကြည့်ရင် သာမန်ကလွဲ ဘာမှ ထူးခြားတာ မရှိပေမယ့် တံခါးကို ဖြတ်လျှောက်လာတဲ့အခါ အပြင်ဘက်မှ မြင်ရတဲ့ မြင်ကွင်းနှင့် ကွဲပြားတဲ့ ပုံစံကို နင်မုန့် တွေ့လိုက်ရ၏။ လော်ဘီကို အလှစိုက် ပန်းပင် သစ်ပင်တို့နှင့် အလှဆင်ထားပြီး ထိုနေရာသို့ သွားရာ လမ်းကြောင်းတစ်လျှောက်မှာလည်း ရေကန်ငယ်လေးနှင့် တံတားတစ်စင်းကို ဖန်တီးလို့ ထားလေ၏။ နေရာတစ်ခုလုံးက ပုံပြင်တွင် ထင်ရှားတဲ့ နိုင်ငံထဲက ကျန်းနန်မြို့လို လှပနေလေသည်။

မကြာခင် လော်ဘီထဲသို့ သူတို့ ခြေချလိုက်သည်နှင့် စားသောက်ဆိုင် မန်နေဂျာက သူတို့ဆီသို့ အလျင်အမြန် ‌လျှောက်လာပြီး ဖိတ်ခေါ်လေ၏ "ကြိုဆိုပါတယ်! ကြိုဆိုပါတယ် မစ္စတာဟော်! ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ် မစ္စတာဟော် ဒီနေ့ ရောက်မယ် မမျှော်လင့်ထားတာနဲ့....အနက်ရောင် မြေအောင်းမှိုက ကုန်သွားပါတယ်...."

စားသောက်ဆိုင်အတွက် အတော်လေး ထူးခြားတယ်ဟု ပြောလို့ရသည်။ အမြဲတမ်း သူတို့ရဲ့ သစ္စာအရှိဆုံးနဲ့ ဂုဏ်သတင်း ကျော်ကြားတဲ့‌ ‌ဖောက်သည်တွေအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို ဆုဆောင်းလေ့ရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် အနက်ရောင် မြေအောင်းမှိုတွေက ရှားပါးလာပြီး ဒီညအတွက် စီးပွားရေးလောကက တက်သစ်စ ကြယ်ပွင့်အသစ် တစ်ဦးက သူတို့ရဲ့ စားသောက်ဆိုင်မှာ ပွဲကျင်းကြလာ၏။ သူတို့အနေနဲ့လည်း ဖြစ်ကတတ်ဆန်း တည်မခင်းရဲတာမို့ သူတို့ရဲ့ အနက်ရောင် မြေအောင်းမှိုအားလုံးကို သူတို့အတွက် သုံးခဲ့တာဖြစ်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now