Ep - 16 (Part- 2)

679 110 17
                                    

တိတ်ဆိတ်အေးစက်နေတဲ့ အခန်းထဲမှာ Air conသံတိုးတိုးလေးနဲ့အတူ ကိုယ့်ဘာသာအတိုင်းသားပြန်ကြားနေရတဲ့ ကိုယ့်အသက်ရှူသံတွေ...

နှာခေါင်းဝနားက ဝင်သက်ထွက်သက်နွေးနွေးတွေနဲ လည်ချောင်းတစ်လျှောက် တင်းကျပ်နေတဲ့ နာကျင်မှုတွေကြားထဲက ဖြေးညှင်းစွာဖွင့်ကြည့်လိုက်ရတဲ့ လေးလံနေတဲ့ မျက်ခွံတွေနဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေ...။

မီးခဲလိုပူလောင်နေတဲ့ခန္ဓာကိုယ်ကို တဖြည်ဖြည်းအားယူပြီး ခေါင်းထောင်လိုက်တော့မှ သတိထားမိသွားတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေ...။

" အဟတ်~~ ဒီလောက်ဒဏ်ရာလေးနဲ့ လာဖျားနေတာပဲ "

အစိမ်းလိုက်ဇဂနာနဲ့ဆွဲနှုတ်ကာ အရက်ပြန်သာလောင်းချထားပြီး ပတ်တီးကိုဖြစ်သလိုစည်းထားတဲ့ ပုခုံးကသေနတ်ဒဏ်ရာကိုလက်နဲ့အသာဖိရင်း လှည့်ကြည့်ကာ ထယ်ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးလှောင်ရယ်လိုက်သည်။

ထယ်ရောက်နေတာသည် တခြားနေရာမဟုတ်ပဲ ဆေးရုံက အထူးProfessorတစ်ယောက်နဲ့ ဒေါက်တာ့ကိုနေ့ညမပြတ် စောင့်ကျပ်ကုသပေးဖို့ သီးသန့်စီစဥ်ထားတဲ့ Apartment တစ်ခုဆီ...။

ထယ်ကလွဲလို့ဘယ်သူမှဝင်ခွင့်မရှိ...
ထယ့်ခွင့်ပြုချက်မရပဲ ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင် ဖြတ်လျှောက်ခွင့်မရှိ...
အစောင့်အကျပ်တင်းတင်းချထားပြီး ဒေါက်တာ့ကိုခဏတာ သိမ်းဖွက်ထားတဲ့ နေရာလေးဆီ...။

မြန်မြန်သက်သာလာစေချင်တာမို့ သေချာဂရုစိုက်ထားပြီး ပြသနာဖြစ်ခဲ့တဲ့ ဆေးရုံရဲ့အဝေးမှာ ခဏလေးလုံခြုံစွာ အနားယူစေချင်တာကလွဲရင် လောလောဆယ် ထယ့်မှာ ဘာရည်ရွယ်ချက်မှတော့ ထွေထွေထူးထူးမရှိ...။

Seoul တက္ကသိုလ်ဆေးရုံမှာက လက်ရှိမှာအစစ်အဆေးတွေနဲ့ အနှောင့်အယှက်တွေများနေသေးပြီး အနည်းငယ်ရှုပ်ရှက်ခက်နေရတဲ့ အကြောင်းအရာတွေရှိနေသေးတာမို့ ဒေါက်တာကိုကြားညှပ်ပြီး အာရုံမနောက်စေချင်မိ..။

သေနတ်တွေနဲ့ ပတ်ပတ်လည်ဝိုင်းချိန်ခံထားရတဲ့ အခြေအနေအထိဖြစ်ခဲ့တာတောင် ထယ်တို့ရဲ့Backgroundတွေကြောင့် ဘယ်သူကမှ လွယ်လွယ်မထိရဲ လွယ်လွယ်မဖမ်းရဲခဲ့ကြပေမယ့် ဒီတစ်ခါJiminကလည်း ဘယ်ရောက်သွားမှန်းမသိ...။

House Of Cards 🔥Where stories live. Discover now