Ep - 1

3.1K 234 31
                                    

လူရှင်းနေသော ဆေးရုံကားပါကင်....။

ခါတိုင်းပြန်နေကျအချိန်ထက် နောက်ကျနေသောကြောင့် တစ်ချို့မီးတွေတောင် မှိတ်ကုန်ပြီမို့တော်တော်လေးမှောင်မဲနေပြီဖြစ်သည်။

တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် မိမိ​ခြေသံအပြင်နောက်ကပါလာသော ခြေသံတစ်ခုကြောင့် ခပ်သွပ်သွပ်လျှောက်လိုက်သော်လည်း အနားပြေးကပ်လာသော​ခြေသံနဲ့အတူ ခေါင်းတစ်ခုလုံးပူထူသွားခဲ့ပြီး လဲကျသွားသည်။

" ဒုတ် "

" အား... "

ချက်ချင်းစီးကျလာသောသွေးတွေနဲ့ သတိလွတ်ခါနီးအခြေအနေကြားကနေ မော့ကြည့်လိုက်တော့သူ့လက်ကိုအတင်းချုပ်နေသော မျက်နှာဖုံးတွေနဲ့ လူနှစ်ယောက်။

သန်မာတဲ့လူနှစ်ယောက်ကြား အတင်းရုံးကန်တိိုးထွန်းနေရင်း မျက်နှာပေါ်အုပ်ကျလာပြန်သော အဝတ်စတစ်ခုအောက်တွင် တ​ဖြေး​ဖြေး မူးဝေလာကာ အသိစိတ်တို့လုံးဝကင်းလွတ်သွားရသည်။

ငြိမ်သက်သွားသော ခန္တာကိုယ်ကိုမျက်နှာဖုံးနဲ့ လူနှစ်ယောက်က မ ချီသွားကာ ကားအနက်ကြီးတစ်စင်းပေါ်သို့ ပစ်တင်လိုက်ပြီး ခပ်ကြမ်းကြမ်းမောင်းထွက်သွားတော့သည်။

ခဏမျှရုံးရင်းဆန်ခတ် ဖြစ်ခဲ့သောနေရာလေးတွင် Duty Coat အဖြူလေးပေါ်မှ ပြုတ်ကျကျန်ခဲ့သော Name Plate လေးတစ်ခု...။

Dr. Kim Seok Jin
အထွေထွေအထူးကု

*****

" သူကအတော်ဆုံး ဆရာဝန်ပဲ Boss "

" အဝတ်ဖယ်လိုက်....!"

လက်ပြန်ကြိုးတုတ်ထားပြီး ခေါင်းမှာအစွပ်တစ်ခုစွပ်ထားတာ လဲကျနေသူရဲ့ ခေါင်းကအစွပ်ကို အနတ်ရောင်ဝတ်စုံနဲ့လူ တစ်ယောက်က ချွတ်ပေးပစ်လိုက်တာနဲ့ ထိုသူက စတင်အော်ဟစ်ရုံးကန်တော့သည်။

" ငါ့ကို လွှတ်စမ်း ဘယ်ကကောင်တွေလဲ "

အသံစူးစူးနဲ့ ချွေးတွေစိုရွှဲနေကာ ခေါင်းမှသွေးတွေ စီးကျနေရင်း Duty coat အဖြူတစ်ခုလုံးကြေမွ ညစ်ပတ်နေသူက အံတွေလည်းတင်းနေအောင်ကြိတ်ထားသည်။

Mask အမည်းအကြီးကြီးတပ်ထားကာ Long Coat အရှည်ကြီးနဲ့ လူတစ်ယောက် တဒေါက်ဒေါက်လျှောက်လာသော ခြေလှမ်းတွေတိုင်းမှာ အနားရှိလူများက ခေါင်းတွေငုံ့အရိုအသေးပေးထားကြသည်။

House Of Cards 🔥Where stories live. Discover now