အဆက်မပြတ်မြည်လာတဲ့ဖုန်းက ဒေါက်တာ့လက်ထဲမှာ တုန်ခါနေပြီး တံခါးကိုထုသံတွေလည်း ပိုစိပ်လာတဲ့အထိ ဒေါက်တာနဲ့ ထယ်ဟာအကြည့်တွေမလွှဲမိ...။
အကျပ်အတည်းအခြေအနေမှာတောင် ထယ်ဟာ လှုပ်ရှားမသွားပဲ တစ်စက်လေးမှတုန်လှုပ်မသွားပဲ ဒေါက်တာ့ကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။
အမုန်းဆုံးမျက်ဝန်းတစ်စုံဟာ နွယ်ပင်တွေလို ဒေါက်တာ့ခြေလှမ်းတွေကို တင်းကျပ်စွာရစ်ပတ်ချည်ပြီး တွေဝေသွားမိကာ ရပ်တန့်နေတဲ့ခြေအစုံဟာ ဘယ်ဆီကိုအရင်ဦးတည်လိုက်ရမှန်းမသိ... ။
ဒေါက်တာ့လက်က တံခါးlockဆီအရင်မလှမ်းသေးပဲ လက်ထဲမှာကိုင်ထားတဲ့ ဖုန်းကိုကြည့်နေရင်းကနေ အစိမ်းရောင်ဘတ်အခြမ်းလေးကို ပွတ်ဆွဲပြီး အဝင်callကိုဖွင့်လိုက်သည်။
" Jung Kook~~ "
" တံခါးဖွင့်ပေးလို့ရလား Hyung...!"
"......"
စိုးရိမ်ပူပန်မှုတွေ အပြည့်အဝပါဝင်နေတဲ့ တစ်ဖတ်ဖုန်းထဲက အရာရှိJeonရဲ့အသံကို ကြားကြားချင်းမှာလည်း ချက်ခြင်းအဖြေပြန်မပေးမိ...။
စက္ကန့်ပိုင်းအတွင်းမှာတင် ဦးနှောက်ထဲပြေးလွှားနေရတဲ့ အကြောင်းအရာတွေဟာ စကားဆက်ပြောမရလောက်အောင်အထိ ရှုပ်ရှပ်ခက်နေသည်။
"......."
" Jin Hyung! ....ကြားလား ကျွန်တော်ပြောနေတာ ကြားလား ~~ တံခါးဖွင့်လို့ရလား ... Hyung အန္တာရာယ်ကင်းလား"
ဖုန်းကိုကိုင်ထားရင်းကနေ အရာရှိJeon ပြောသမျှကိုပဲနားထောင်နေမိကာ ထယ့်ကိုကြောက်လန့်တကြားကြည့်နေမိတော့ တစ်စက်လေးမှ တုန်လှုပ်မှုမရှိတဲ့မျက်နှာမှာ မဲ့ပြုံးတစ်ခုက လက်ခနဲပေါ်လာသည်။
ရဲတစ်ယောက်နဲ့ထိပ်တိုက်တွေ့ရင်တောင် အရှုံးပေးပြီး အရင်ထွက်ပြေးမယ့်ပုံစံမျိုးလုံးဝမရှိ...။
ဒီလိုအခြေအနေမှာတောင် အေးစက်စွာလှောင်ရယ်နေနိုင်တဲ့ ထယ့်ကိုမြင်ပြီး မာနကြီးလှပါသောဒေါက်တာဟာ တကယ်လက်လံသွားကာ ကြောက်သထက်ပိုကြောက်လာမိသည်။
တံခါးLockလေးတစ်ချက်လှည့်လိုက်တာနဲ့ ထယ့်လက်ထဲကနေ လွတ်မြောက်သွားနိုင်တာသိပေမယ့် ဒေါက်တာ့စိတ်တွေဟာ ဘာတွေနဲ့ဘယ်လိုလေးလံနေလဲ ဒေါက်တာတကယ်မသိတော့...။
YOU ARE READING
House Of Cards 🔥
Fanfictionတချို့ဆုံတွေ့ခြင်းတွေက ဝဠ်ကြွေးတွေသာဆိုရင် မျှော်လင့်စရာ တစ်စုံတစ်ရာမှ မရှိခဲ့ပေမယ့်လည်း မဆုံနိုင်တဲ့လမ်းတွေရဲ့ အဆုံးသတ်တဲ့အထိ အသွေးအသားထဲကနေ ရူးနေအောင်ချစ်ရတယ် ...။