Ep - 4

1.5K 189 46
                                    


" ဘာတွေဖြစ်နေတာလဲ "

" ဒီစခန်းကနေထပ်ပြောင်းရပါမယ် ခေါင်းဆောင် မင်"

" ဘာအတွက်လဲ "

" ရဲတွေခြေရာခံမိထားတယ် ဓားစာခံတစ်ယောက်ယောက်က သတင်းပေး......"

စခန်းချနေရာဇိမ်ခံအိမ်ကြီးအတွင်း လှုပ်လှုပ်ရှားရှား အသံများကြောင့် အခန်းထဲဝင်လာသူအား မေးသောအခါ.. မျက်မှောင်တွေတွန့်ချိုးသွားသော Jimin(ခေါင်းဆောင်မင်)ကြောင့်စကားကိုလမ်းတစ်၀က်မှာတင် ရပ်တန့်လိုက်ကာ မျက်နှာရိပ်ကဲကြည့်လိုက်သည်။

" သတင်းပေးရလောက်တဲ့အထိ ဘယ်သူကအဲ့ကောင်ကို လွှတ်ထားပေးတာလဲ ဓားစာခံရှိတဲ့အချိန်မှာ လက်လွတ်စပယ်ဘယ်ကောင်က နေနေတာလဲ... စောက်ရေးမပါတာ ... ဘယ်ကောင်လဲ...! ဘယ်ကောင့်ဖုန်းက ဓားစာခံလက်ထဲရောက်သွားတာလဲ"

" ......"

" မင်းကို ငါမေးနေတယ်လေ "

"ခွမ်း.....! "

တုန်တုန်ယင်ယင်နဲ့ ပြောသင့်မပြောသင့်စဥ်းစားနေသူကို စိတ်မရှည်စွာထအော်ရင်း အနားမှာရှိနေတဲ့ဖန်ခွက်တစ်ခွက်ကိုပါ ပစ်ပေါက်ခွဲလိုက်သည်။ Park Jiminဆိုတာ စိတ်ခတ်ဆက်ဆက်နဲ့ ဒုတိယခေါင်းဆောင်ပဲလေ...သူမျက်မှောင်တစ်ချက်ကျုံ့ကြည့်တာနဲ့ နောက်နေ့အဲ့နေရာပြာကျပြီသား...။

" ခေါင်းဆောင်ထယ်ရဲ့ဖုန်းနဲ့ပါ "

"ဘာ... !"

" ဟိုနေ့ကဆရာဝန်ရဲ့လက်ထဲဖုန်းရောက်သွားလို့... ခေါင်းဆောင်ထယ် မရှိတဲ့အချိန်..."

" ရပြီ ဆက်မပြောနဲ့....! ဒီကိစ္စကို ထယ်နဲ့ရှင်းလိုက်မယ် မင်းတို့ပါးစပ်ကနေ ထယ့်ဆီကဆိုတဲ့အသံထွက်တာ ဒီတခါနောက်ဆုံးဖြစ်ပါစေ"

ချက်ခြင်းပြေးပြီးလူသတ်တော့မလို တရားခံကိုမေးနေသူဟာ ထယ်ဆိုတာနဲ့တင် ဆုတ်ထားသောလက်သီးကိုဖြေလျှော့ပြီး မျက်မှောင်တွေကို​ ဖြည်ချလိုက်သည်။ ဒဏ်ရာတွေမသက်သာသေးသော Jiminက ကုတင်ပေါ်ကနေထလိုက်တော့ ပြေးပြီးတွဲပေးလိုက်မလို့အလုပ်မှာ အနားကပ်လာသော လက်တွေကိုပုတ်ချပစ်သည်။

" ဘာမှမဖြစ်ဘူး...ငါ အကူအညီမလိုဘူး "

Jiminဟာ ဒဏ်ရာရလာပြီးကတည်းက ထယ်ကလွဲလို့ ဘယ်သူမှအကိုင်မခံ အထိမခံ...။ အမြဲလိမ်မာပါးနပ်စွာ ရှောင်ခဲ့တိမ်းခဲ့တာ ပွဲတိုင်းကျော်မှာ ဒီတစ်ခါကျမှ အထိနာသွားတာမို့ ကိုယ့်ကိုကိုယ်မကျေနပ်နိုင်သေးသော Jiminဟာ သူ့ကိုယ်သူအမြဲတမ်း Train နေကာ လုပ်သမျှအလုပ်တိုင်းကို Top ဖြစ်နေအောင်လုပ်တတ်တဲ့သူ..။

House Of Cards 🔥Where stories live. Discover now