Ep - 5

1.5K 189 50
                                    

အနမ်းကြမ်းတွေဆီကနေ လွတ်မြောက်ရာအရပ်....
စူးရှယစ်မူးနေတဲ့ အကြည့်တွေနဲ့ဝေးရာအရပ်.....
မွန်းကျပ်လှောင်ပိတ်နေတဲ့ ခံစာချက်တွေနဲ့ဝေးရာအရပ်....
အကြမ်းအတမ်းလူမဆန်တဲ့ အထိအတွေ့တွေနဲ့ဝေးရာအရပ်ဆီ...။

ဘယ်နေရာ ဘယ်ဒေသမှန်းမသိတဲ့နေရာမှာ အားတင်းပြေးလွှားနေသော်လည်း အခုထိမလွတ်မြောက်နိုင်သေးပဲ
သွားပြီးသားလမ်းတွေပဲ ပြန်ပြန်ရောက်လာကာ
အင်အားနည်းခန္တာကိုယ်ဟာ ချောင်ပိတ်မိရင်း ဦးတည်ရာမဲ့.. ထွက်ပေါက်တွေမဲ့...။

မြေအောက်ခန်းထဲက ရုတ်တရက်ဆူညံလာသော Alarm သံတွေကြားထဲ ပတ်ဝန်းကျင်ကိုအလန့်တကြားမော့ကြည့်လိုက်တော့ တံခါးတွေအထပ်ထပ် နံရံတွေအထပ်ထပ်နဲ့ နေရောင်နဲ့တူတဲ့ အလင်းရောင်မှုံပြပြလေးတောင်ရှာမတွေ့တာမို့ ခုနကလူမိုက်နဲ့အတူရှိနေရခြင်းထက်တောင် အားငယ်ကြောက်ရွံစိတ်တွေပိုဝင်လာမိသည်။

ထွက်ပြေးလာတာမှားသွားပြီလို့တောင် ယောင်ယမ်းတွေးမိလိုက်တော့ နှုတ်ခမ်းကဒဏ်ရာကတဆစ်ဆစ်ပိုနာလာကာ မေ့မရနိုင်တဲ့မျက်နှာက အာရုံထဲထပ်ခါထပ်ခါလွှမ်းမိုးသည်။
သူဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်တဲ့မျက်နှာမို့ ခဏလေးနဲ့တောင် စိတ်ထဲမှာစွဲမြဲနေလိုက်တာ...။

လူဆိုးကောင်လက်ထဲမှာဆက်ရှိနေရင် ဘဝပျက်သွားမလားမသိနိုင်လို့ အကြောက်အကန်ထွက်ပြေးလာခဲ့ပြီးကာမှ ဘာမှပိုထူးမလာတဲ့အခြေအနေမှာ Dr.Kim Seok Jinရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ချည်မျှင်ဟာ ဖုန်းထဲကနေသေချာမှတ်ထားလိုက်မိသော ရဲအရာရှိ Jeon Jung Kook ဆိုတဲ့နာမည်..။

" အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့အကျိုး​တွေကြောင့် ကျေးဇူးပြုပြီး ဒီလူလက်ထဲကနေ အမြန်ဆုံးလွတ်မြောက်ပါရစေ "

Dr.Kim Seok Jinရဲ့ဆုတောင်းက သေရမှာထက်တောင် ထယ့်ကိုပိုကြောက်ကြောင်းသက်သေတွေ...။

ပြေးထွက်လာခဲ့ကာမှ ပိုချောင်ပိတ်မိနေခဲ့ပြီး မူမမှန်တော့တဲ့ ပတ်ဝန်းကျင်အနေအထားအရ ဒီနေရာတစ်ခုခုဖြစ်တော့မှာကို Dr.Kim Seok Jin သတိထားမိလာသည်။ ပြေးရင်းလွှားရင်းလမ်းမှာကောက်ရခဲ့တဲ့ ဖုန်းတစ်လုံးကလည်း မှန်ကွဲစတွေမွမွကြေနေကာ အလုပ်မလုပ်တော့ဘူးထင်ပါရဲ့... ဘာမီးမှလင်းမလာသလို ဘာအသံမှလည်းထွက်မလာတာမို့ မျှော်လင့်ချက်မဲ့လာခဲ့သည်။

House Of Cards 🔥Where stories live. Discover now