Ep - 9

1.1K 148 24
                                    

" အခန်းထဲမှာ ဒေါက်တာမရှိတော့ဘူး အရာရှိJeon "

အရာရှိJeon Jung Kookထက် အရင်ကြိုရောက်နှင့်သော လက်ထောက်တစ်ယောက်ဆီက သတင်းပို့သံဟာ ရင်ဝကိုဆောင့်ကန်သလိုမျိုး...။

" တောက် !! "

လက်သီးကိုတင်းနေအောင်ဆုတ်လိုက်ကာ တောက်တစ်ချက်ခေါက်လိုက်ပြီး အခန်းနံရံကိုပိတ်ထိုးလိုက်သည်။

ဒေါက်တာ့နားနေခန်းထဲအထိ မရပ်မနားပြေးဝင်လာခဲ့လည်း သူခြေတစ်လှမ်းလေးနောက်ကျတာနဲ့ အကုန်လွဲတာပဲ...။ ပြေးလာတဲ့လမ်းတစ်လျှောက်လုံး တောက်လျှောက်ခေါ်နေတဲ့ဖုန်းကိုလည်း အခုထိမရပ်ပစ်မိသေးပဲ တည်နေရာကိုစစ်ဆေးနေမိတာ အကြိမ်ကြိမ်အခါခါပဲ...။

" ဖုန်းကဒီအခန်းထဲမှာပဲရှိတာ သေချာတယ် "

" ကျွန်တော်တို့ဝင်လာကတည်းက ဗီဒိုပေါ်ကစာအုပ်တွေပြုတ်ကျနေတာရယ် ဆေးရုံသုံးပစ္စည်းတစ်ချို့ ပြုတ်ကျနေတာရယ်တွေ့တယ်... ဖုန်းကဒီခုံတွေအောက်မှာ တောက်လျှောက်မည်နေတာကြားပေမယ့် လောလောဆယ် မရှာသေးပဲ ဒီတိုင်းပဲထားထားပါတယ်"

" ဟုတ်ပြီ... NFSကလူတွေ မရောက်လာမချင်း အဲ့ပစ္စည်းတွေကို ဘယ်သူမှမထိနဲ့... NFSကို အခန်းထဲမှာရှိတဲ့ နေရာတိုင်းက လက်ဗွေရာတွေရော ဖုံမှုန့်တစ်မှုန့်ကအစ အကုန်ယူပြီးစစ်မယ်လို့ တစ်ခါတည်း​မှာထားတယ် "

(NFS = National Forensic Service - ကိုရီယားနိုင်ရဲ့အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမျိုးသားအမှုအခင်းဆိုင်ရာဝန်ဆောင်မှုကိုပြောတာပါ။ လက်ဗွေစစ်တာတွေ၊ အခင်းဖြစ်နေရာကနေ သက်သေယူရတာတွေ၊ မှုခင်းနဲ့ပတ်သတ်တဲ့ အလောင်းခွဲစိတ်မှုတွေပါပြုလုပ်ပေးရတဲ့ အဖွဲ့အစည်းကိုပြောတာပါ။)

" ဟုတ်ကဲ့"

" တခြားထူးခြားတဲ့သဲလွန်စရော ဘာရှိသေးလဲ...မင်းတို့ရောက်တော့ ဘာတွေခြေရာလက်ရာပျက်နေတာရှိလဲ "

" တခြားဘာမှခြေရာလက်ရာမပျက်ဘူး... ဆေးရုံမှာ အကုန်လုံးပုံမှန်ပဲ သွားလာနေကြတယ်"

" ဘယ်သူမှသတိမထားမိကြဘူးလား... ငါ့ကိုတောင် သူ တစ်ကြိမ်တစ်ခါမကဘူး အချက်ပြအကူအညီတောင်းနေခဲ့တာကို "

House Of Cards 🔥Where stories live. Discover now