Ep - 14 (Part-2)

749 143 33
                                    

နောက်ဆုံးတော့ ထယ်နဲ့အရာရှိJeonဟာ မျဥ်းပြိုင်နှစ်ကြောင်းရဲ့ စမှတ်တစ်ခုစီမှာ ခြေစုံရပ်ခဲ့ကြပြီး... ရှောင်လွဲလို့မရတော့တဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အချိန်တစ်ခုဆီ ရောက်လာခဲ့ပြီ။

" ဒေါက်တာက ဘယ်လိုဖြစ်တာလဲ"

" မြင်တဲ့အတိုင်းပဲလေ"

" မင်းခေါ်လာခဲ့တာဆို! "

" ဆရာဝန်တစ်ယောက် ဒဏ်ရာရနေတာမြင်လို့ ခေါ်လာခဲ့တာ အကြောင်းပြချက်ပေးစရာလိုသေးလား"

" မင်းနဲ့အတူရှိခဲ့တာ မဟုတ်ဘူးလား"

" အတူရှိတော့ရော ဘာဖြစ်လို့လဲ"

ထယ်နဲ့တွေ့တွေ့ချင်းမှာ အရာရှိJeonက ခပ်တည်တည်နဲ့ အကြောကိုစတင်းထားသလို ထယ်ကလည်း တစ်စက်မှအချိုးပြေမပြခဲ့ပဲ ခပ်ရွဲ့ရွဲ့နဲ့ ပြတ်ပြတ်သားသားပဲပြန်ဖြေသည်။

" မင်းကဘယ်သူမို့လို့ ဒေါက်တာနဲ့အတူရှိနေတာလဲ"

" ခုနကဆေးရုံကလူတွေ ငါ့ကိုခေါ် လိုက်တာကို မကြားလိုက်လို့လား "

"ဘာ ! "

မျက်နှာချင်းဆိုင်နေရာကနေ Jeonကထယ့်ရှေ့ကို ခြေတစ်လှမ်းထပ်လှမ်းဖို့ ပြင်လိုက်ရုံနဲ့ ဦးညွှတ်အရိုအသေပေးနေတဲ့ ဆေးရုံကလူတစ်ချို့ဟာ သူဘာမှတောင်မလုပ်ရသေးတာကို ထယ့်ရှေ့မှာ ပြေးကာလိုက်ကြတာ ဝုန်းကနဲပဲ...။

အရာရှိJeonကို ထိန်းမနိုင်သိမ်းမနိုင်ရတဲ့ကြားထဲ... ဆေးရုံတစ်ခုလုံးဗြောင်းဆန်နေရတဲ့အထဲ ဥက္ကဌထဖြစ်သူ ထယ်ကပါထပ်ပေါ်လာတော့ အကုန်လုံးဟာအလန့်တကြားနဲ့ ပြာပြာသလဲ...။

" ဒါ... ဒါက ဆေးရုံမှာ shareအများဆုံးပိုင်တဲ့ ဥက္ကဌKimပါ အရာရှိJeonစကားပြောတာ လေးစားပေးပါ "

" ဆေးရုံဥက္ကဌဖြစ်တော့ ဘာလုပ်ရမှာလဲ "

ဥက္ကဌKimလို့ ဆိုနေကြပေမယ့် Jeonဟာ ဒီအသံဒီအရိပ်အယောင်ကို တနေရာရာကနေ အသေအချာမှတ်မိနေတာ...။

ထယ်နဲ့ မျက်နှာချင်းဆိုင်လိုက်ရတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ
ဒေါက်တာ့ကိုအကြိမ်အကြိမ်အခါခါ အန္တာရာယ်တွေပေးခဲ့သူလား... ဒေါက်တာသိပ်ကြောက်နေရတဲ့သူလားဆိုတဲ့ အတွေးတွေများစွာက အရာရှိJeonရဲ့ခေါင်းထဲမှာ သတိကြီးကြီးထားနေရတာ...။

House Of Cards 🔥Where stories live. Discover now