Ep - 10

993 148 23
                                    

" မင်း ဘာလို့ထိန်းမရသိမ်းမရဖြစ်နေတာလဲ ထယ်"

" အဲ့ကောင်ကိုငါကိုယ်တိုင်သတ်ချင်တယ်"

"မဆင်မခြင်မလုပ်နဲ့!!  နေ့ခင်းကမှ TV မှာ publicချပြထားတဲ့ မင်းမျက်နှာက V ရဲ့ CEO Kimဆိုတာ တစ်နိုင်ငံလုံးသိတယ် မင်းသတ်ချင်တဲ့ကောင်ကို မင်းလက်ဖျားတွေနဲ့တောင် ထိစရာမလိုပဲ အေးဆေးလက်စဖျောက်ပစ်လို့ရနေတာကို ဘာလို့အဲ့လောက်ဖြစ်နေတာလဲ "

" ဘာလို့အဲ့ဒီ Jeon Jung Kookဆိုတဲ့ကောင်ကပါ အသက်ရှင်နေရတာလဲ "

" ငါလွှတ်ပေးလိုက်တာ... ငါအသက်ရှင်ခွင့်ပေးလိုက်တာလို့ မင်းကိုပြောခဲ့တယ်လေ "

" ဘာလို့လဲ... မင်းကဘာလို့အဲ့လိုကောင်ကို အသက်ရှင်ခွင့်ပေးလိုက်တာလဲ "

" ဘာဖြစ်လို့ထင်လဲ... "

" စခန်းထိပါရောက်လာပြီး မင်းမျက်နှာကိုပါတွေ့သွားတဲ့ ရဲတစ်ကောင်ကို မသတ်ပဲလွှတ်ပေးလိုက်တာ ဘယ်လောက်အန္တာရာယ်များလဲ မင်းမသိလို့လား မင်းရူးနေတာလား..."

" ဘာ...! ရူးနေတာက မင်းမဟုတ်ဘူးလား"

အရာရှိJeonနဲ့ဒေါက်တာ့ကြောင့် တောက်လောင်နေတဲ့မီးတွေသည် Jiminဆီကိုပါကူးစက်ပြီး ထယ်နဲ့Jiminကိုပါတစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်စေတဲ့အထိ...။

နာကျင်စရာပေါင်းစုံနဲ့အတူ ထိန်းမရတဲ့ဒေါသတွေအားလုံးသည် ဘာမှမဆိုင်တဲ့Jiminအပေါ်ကို သက်သက်မဲ့ အပြစ်ပုံချမိသွားသည်။

ထယ့်အတွက်စိုးရိမ်ပူပန်ကာ ယောက်ယက်ခက်နေရတဲ့အထဲ ထယ်ကပလိန်းကြီးရန်ရှာကာ ထယ်အော်တာပါထပ်ခံလိုက်ရတာမို့ တစ်ဖတ်ကJiminကလည်း ထယ်နဲ့ထပ်တူပဲ သွေးတွေဆူပွက်သွားသည်။

Jiminမျိုသိပ်ထိန်းချူပ်ခဲ့ရတဲ့ ခံစားချက်တွေကိုလည်း ပြန်ဆွပေးလိုက်သလိုဖြစ်ပြီး နာကျင်စရာတွေကိုယ်စီနဲ့မို့ ထယ်နဲ့မင်ဟာ နည်းနည်းလေးမှအထိအရှမခံနိုင်ကြတော့တဲ့ စိတ်အခြေအနေတစ်ခုဆီ...။

" ငါ အသက်ရှင်ခွင့်မပေးလိုက်ရင် မင်း အသက်ပေးပြီးကယ်သွားတဲ့ဆရာဝန်ကို အဲ့အချိန်မှာ ဘယ်ကောင်ကလာကယ်မှာလဲ ဘယ်သူကအရင် စောက်တလွဲတွေလုပ်သွားတာလဲ ဘယ်သူကအရင်စောက်ရူးထသွားတာလဲ!!! ဘာမဟုတ်တဲ့ဆရာဝန်တစ်ယောက်အတွက်နဲ့ အားလုံးကိုအဆုံးရှုံးခံပစ်လိုက်တဲ့ မင်းကမှ ရူးနေတာမဟုတ်ဘူးလား " 

House Of Cards 🔥Where stories live. Discover now