Lobbyမှာထိုင်စောင့်နေရင်းကနေ တဖြေးဖြေးနဲ့အေးစက်လာတဲ့ ဒေါက်တာအဆင်သင့်သောက်ဖို့ ဝယ်ထားပေးခဲ့တဲ့ ကော်ဖီခွက်လေး...။
အကြိမ်ကြိမ်အခါခါခေါ်နေပေမယ့် မတုံ့ပြန်လာတဲ့ဖုန်းသံတွေ...
အချိန်တစ်ခုကြာတဲ့အထိ ရောက်မလာလို့ ဒေါက်တာ့နောက်ကိုလိုက်သွားဖို့ ပြင်လိုက်ရင်းကနေ Emergencyရှေ့အရောက်မှာ လူတွေရှုပ်နေတာကိုမြင်ပြီး ရှေ့မဆက်တော့ပဲ ရပ်တန့်သွားခဲ့ရတဲ့ အရာရှိJeonရဲ့ခြေလှမ်းတွေ...။
" ဘာလဲ...! "
လူတွေရှုပ်နေတဲ့ကြားကနေ လှမ်းကြည့်လိုက်တော့ ကန့်လန့်ကာတွေကာထားတဲ့ Emergencyထဲက ကုတင်အစွန်းတစ်ဖတ်မှာထွက်နေတဲ့ လက်ကောက်ဝတ်မှာညိုမဲစွဲဒဏ်ရာနဲ့ ငြိမ်သက်သက်လက်ကလေး...။
ရင်နှီးနေသလိုခံစားလိုက်ရတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ တခုခုကိုစိုးထိတ်သွားပြီး ဆောက်တည်ရာမဲ့သွားခဲ့ရတဲ့စိတ်တွေ...။
တကယ်လည်းအနီးကပ်သွားတာနဲ့ Dr.Kim Seok Jinဟာ လည်ပင်းမှာထိခိုက်ထားကာ ဆေးရုံအုပ်ကိုယ်တိုင်ရယ် တခြားprofessorတွေရယ်ပါ Emergency အထိဆင်းချလာပြီး ကုသပေးနေရတဲ့အခြေအနေ...။
" ဘာဖြစ်တာလဲ... အဲ့တာဘာလဲ Dr.Kim Seok Jinက ဘာဖြစ်တာလဲ!!! "
ဒေါက်တာ့အနားထိတောင် ရှေ့ဆက်တိုးမလာရဲတော့ပဲ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်လောက်အောင် ပျာယာခတ်ပြီး သတိလက်လွတ်အော်လိုက်သံသည် Emergencyတစ်ခုလုံးဟိန်းသွားသည်။
လူတွေရဲ့အာရုံဟာ သူ့ဆီကိုစုပြုံရောက်လာပေမယ့် အရာရှိJeonဟာဂရုစိုက်ခြင်းမရှိ...
ဘာကိုမှမျက်လုံးထဲမမြင်တော့ပဲ အသဲအသန်လှမ်းလာတဲ့ ခြေလှမ်းကြဲကြဲတွေရဲ့အရှိန်သည် လူတွေကြားထဲရပ်နေတဲ့ ထယ့်ကိုပါ ပုခုံးကနေ အရှိန်ပြင်းပြင်းတိုက်မိသွားတဲ့အထိ...။
" Sorry "
"......"
ထယ်ဟာ စကားတစ်ခွန်းမှပြန်မပြောခဲ့... တစ်ချက်မှပြန်လှည့်မကြည့်ပဲ sorryတစ်ခွန်းနဲ့ ကျောခိုင်းသွားတဲ့ အရာရှိJeonကိုသာကြည့်ပြီး မဲ့ခနဲပြုံးမိသွားသည်။
YOU ARE READING
House Of Cards 🔥
Fanfictionတချို့ဆုံတွေ့ခြင်းတွေက ဝဠ်ကြွေးတွေသာဆိုရင် မျှော်လင့်စရာ တစ်စုံတစ်ရာမှ မရှိခဲ့ပေမယ့်လည်း မဆုံနိုင်တဲ့လမ်းတွေရဲ့ အဆုံးသတ်တဲ့အထိ အသွေးအသားထဲကနေ ရူးနေအောင်ချစ်ရတယ် ...။