Chapter 59.1

588 118 4
                                    

Chapter 59.1-ဆိုင်နာ(Saina)

ရှဲ့လွမ်သည် မူခသား​ပေါက်​လေး၏ သွားများကို စစ်ဆေးနေချိန်တွင် ​တောင်းဆိုတဲ့သူရောက်လာခဲ့သည်။သူကြည့်ရတာ ဖုန်ထူ​နေတဲ့ ခရီးသွားတစ်ယောက်လိုပဲ အဝေးတစ်နေရာကနေ အလျင်အမြန် ​ရောက်လာပုံ​ရသည်။

ကလပ်ရှိ မူခသား​ပေါက်​လေးသည် သူ့သွားများ​ပြောင်းလဲခြင်း လုပ်ငန်းစဥ်အ​စောပိုင်းတွင် ​ရောက်ရှိ​နေပြီး ယခုသူပြီးဆုံးသွားသောအခါ ရှဲ့လွမ်သည် သားပေါက်​လေး၏ သွားအသစ်များ ကောင်းမွန်စွာ ထွက်လာခြင်းရှိမရှိကို စစ်ဆေးနေသည်။

လူငယ်​လေးသည် တိုက်ခိုက်ခြင်း သို့မဟုတ် ခုခံနိုင်စွမ်းပင် မရှိ​ပါ​ချေ။သူသည် သဘာဝ တိုက်ခိုက်​ရေးမျိုးနွယ်တစ်ခုနှင့် သက်ဆိုင်သောကြောင့် ဤမူခသား​ပေါက်​လေးသည် သူ့သွားများသည် လူငယ်​လေး၏အရေပြားကို အလွယ်တကူ ထိုးဖောက်သွားနိုင်သည်ကို သိရှိသည်။

သူ့သွားအသစ်ကို ထိလိုက်သော လက်ချောင်းသည် ပျော့ပျောင်းပြီး နုနယ်သောကြောင့် ဤမူခသား​ပေါက်​လေးသည် ၎င်းတို့ကို လူငယ်​လေးထိလိုက်စဉ်တွင် လုံးဝငြိမ်နေခဲ့သည်။

သွားအသစ်ပဲဖြစ်ဖြစ် အရင်နို့သွားတွေပဲဖြစ်ဖြစ် မူခသား​ပေါက်​လေးရဲ့ သွားတွေက အရမ်းထက်ရှမှာ သံယမရှိစွာ သေချာပါသည်။ရှဲ့လွမ်သည် သူ့အတွက် နာခံမှုရှိရှိ ပါးစပ်ကိုဖွင့်ထားသော မူခသား​ပေါက်​လေး၏ သွားတစ်ချောင်းကို ထိလိုက်ပြီး သေးငယ်​သော သွားအသစ်များသည်မှာလည်း တည်ငြိမ်ကြောင်း အတည်ပြုလိုက်သည်။

မူခသားပေါက်​လေး၏ သွားအသစ်သည် ပို၍အန္တရာယ်များကြောင်း သူတို့ကိုကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။၎င်းတို့သည် ယခင်ကထက် ပိုမိုချွန်ထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကိုက်ဖြတ်သည့် စွမ်းအားရှိပြီး ၎င်းတို့သည် သားကောင်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်ကာ အပိုင်းပိုင်းအထိ ကိုက်ဖြတ်နိုင်သည်။

သာမန်လူတစ်ယောက်ယောက်က မူခသား​ပေါက်​လေးရဲ့ ချွန်ထက်တဲ့သွားတွေကို သူတို့ရဲ့ကိုယ်ပိုင်လက်ချောင်းတွေနဲ့ ထိနေတာကိုတွေ့ရင် သူတို့ဟာ အဲဒီလူဟာ ကြောက်လန့်စိတ်မရှိသလို ဒီလိုမျိုး သေ​စေနိုင်​လောက်သည့် အမူရာမျိုးအတွက် ရူးသွပ်နေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now