Chapter 39.1-ပန်းအဖူး​

999 225 0
                                    

ဟူဒီမိသားစု၏ အမှတ်အသားသည် မွေးခါစတွင် မပေါ်ဘဲ သားပေါက်သည် တစ်နှစ်သားအရွယ်တွင် အဲ့ဒါက စတင်ပေါ်လာခဲ့သည်။

ဟူဒီမိသားစုရှိ ရေသူများအားလုံး နဖူးတွင် ရွှေရောင်အမှတ်အသား ရှိသည်။ ခြွင်းချက်မရှိပဲ ဟူဒီအမည်ရှိသော ရေသူသား​ပေါက်လေးတိုင်း နဖူးပေါ်တွင် ရွှေ​ရောင်အမှတ်အသားတစ်ခု ရှိနေကြောင်းကို ​​ကော်နာကျောင်းခွဲမှ ဓာတ်ပုံများကို ကြည့်ရှု့ခြင်းဖြင့် သိရှိနိုင်သည်။

ဝန်ထမ်းများထဲတွင် ရှချီသည် ယွင်​ပေါင်​ကျောင်းခွဲသို့ ပထမဆုံးဝင်ရောက်ခဲ့သည်။ရှချီသည် ရေသူသား​ပေါက်လေးကို ကြင်နာတတ်တဲ့လူတစ်​ယောက်က သူတို့ကလပ်သို့ ယူဆောင်လာစဉ်ကတည်းက သူကြီးပြင်းလာတာကို ကြည့်ရှုခဲ့သည်ဟု ဆိုနိုင်သည်။

ရေသူသား​ပေါက်လေးသည် အစပိုင်းတွင် အမှတ်အသားမရှိဘဲ နောက်ပိုင်းတွင် ကလေး၏နဖူးတွင် အလွန်တိမ်သော ရွှေရောင်ပုံစံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ရှချီသည် ထိုအချိန်က အဲ့ဒါနှင့်ပတ်သက်၍ အများကြီးမတွေးခဲ့ပေ။

ဤကြီးမားသောအချက်အလက်များကို ယခုတွေ့လိုက်ရသောအခါတွင် ရှချီသည် သူမ၏ဦးနှောက်ကို ​မွှေ​နှောက်သွားသလို ခံစားလိုက်ရပြီး သူမထိုင်​ခုံ​​ပေါ်မှာ ခဏ​လောက်ထိုင်​နေပြီး ထပ်ဆင့်တင်ထားသော ပို့စ်အောက်ရှိ မှတ်ချက်များကို အမှတ်တမဲ့ စိုက်ကြည့်​နေလိုက်သည်။

နှေးကွေး​လေးလံနေသောစိတ်ဖြင့် ရှချီသည် ဆက်သွယ်​ရေးကိရိယာကို ကောက်ကိုင်လိုက်ပြီး ရုံးခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

သားပေါက်အိမ်ရှိ ဧည့်ခန်းတွင် အရွယ်ရောက်ပြီးသူ အများအပြားသည် သားပေါက်ကလေးများနှင့် ကစားနေကြသည်။

တစ်ယောက်ယောက်ဝင်လာသည်ကို ကြားလိုက်ရ​​သောရှဲ့လွမ်က သူ့မျက်လုံး​တွေကို​​​ပင့်လိုက်ပြီး တံခါးကိုဖြတ်သွားသော တစ်ဖက်လူ၏အမူအရာမှာ သဘာဝမကျကြောင်းကို သတိပြုမိလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တက်ဖို့ ကြိုးစားနေတဲ့ လက်ရှိမှာ သား​ပေါက်​လေးတွေ အများကြီးရှိတာကြောင့် ရှဲ့လွမ်က သူမကို စူးစမ်းတဲ့အကြည့်နဲ့သာ ကြည့်လိုက်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now