Chapter 38-​ရွှေ​ရောင် အမှတ်အသား

1.2K 252 5
                                    

ရေသူသား​ပေါက်လေး၏လက်ရေးနှင့် ကောက်ကွေး​နေသော ရေခဲပုံဆောင်ခဲနှစ်ခု။

ပထမအကြည့်တစ်ချက်မှာတင် ချစ်စရာကောင်းလွန်း​သော အေးခဲနေတဲ့ ရေခဲခရစ်စတယ်တွေကို ငုံ့ကြည့်လိုက်ပြီး အဲ့မှာရှိ​နေတဲ့လူ​တွေက သူတို့​တွေအံ့သြရမှာလား ရယ်​မောရမှာလား​တောင် မသိ​တော့ပါဘူး။

သူတို့ကလပ်၏ ရေသူသား​ပေါက်လေးသည် စွမ်းရည် ဖွံ့ဖြိုးလာရုံသာမက အဲ့ဒါသည် အလွန်ရှားပါးသော မျိုးကွဲစွမ်းရည်တစ်ခုလည်းဖြစ်သည်။ ဒါက သူတို့ကို အံ့ဩဖို့ လုံလောက်တာ သဘာဝပါပဲ။ သို့သော် ဤရေခဲပုံဆောင်ခဲများပေါ်တွင် ရေသူဘာသာစကားဖြင့် ရေးထားသည့် စကားလုံးက ဘာကိုဆိုလိုသည်ကို သိရှိလိုက်ရသဖြင့် သူတို့ကို မတူညီသော ခံစားမှုတစ်ခုက လွှမ်းခြုံထားပြီး သူတို့ကိုပြုံး​အောင် လုပ်ခဲ့သည်။

ရေသူသား​ပေါက်လေးဟာ သူ့ရဲ့ စွမ်းရည်အသစ်ကို အသုံးချတတ်ဖို့ သင်ယူပြီးတာနဲ့ ပထမဆုံး လုပ်ချင်တဲ့ အရာက သူ့မိဘဆီကို စာရေးတာပဲ ဖြစ်သည်။ ရေခဲသလင်း​ကျောက် နှစ်ခုကို သူတို့အား မပေးခဲ့သော်လည်း ၎င်းတို့ကို သူတို့လှမ်းကြည့်လိုက်ရင်း မ​နေနိုင်ဘဲ သူတို့နှလုံးသားထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။

"အရင်တုန်းက ဒီလိုမျိုးဖြစ်ဖူးလား၊ ရေသူမျိုးနွယ်က တစ်​ယောက်​ယောက်က သီချင်းဆိုစရာမလိုဘဲ စွမ်းရည်ကိုအသုံးပြုနိုင်လား။"ကျန့်ကျိုးသည် ရေသူမျိုးနွယ်​အ​ကြောင်းရောက်သောအခါတွင် သူ့ကိုယ်ပိုင်ဗဟုသုတကို ပထမဆုံး သံသယဝင်သူဖြစ်သည်။

အရည်အချင်းပြည့်မီသော ပြုစု​စောင့်​ရှောက်သူတစ်ယောက်ဖြစ်ရန် မျိုးနွယ်တိုင်းကို အတိုင်းအတာတစ်ခုအထိ နားလည်ရန် လိုအပ်သည်မှာ အမှန်ဖြစ်သည်။ ဒါပေမယ့် ကြယ်တာရာစုထဲမှာ မျိုးနွယ်တွေ အများကြီးရှိတာကြောင့် အဲဒါတွေကို နက်နက်နဲနဲ နားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

"အဲ့အ​ကြောင်း ကြားဖူးတယ်လို့ ငါ​တော့မမှတ်မိတော့ဘူး။" ဇာရက်ဒ်က လမ်း​​​လျှောက်မလာခင် ဂိတ်စောင့်အခန်းကနေ လှမ်းအော်လိုက်ပြီး အမြန်ပြန်ဖြေလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ရှေးတုန်းကရှိခဲ့သည်ဖြစ်စေ မရှိသည်ဖြစ်စေ အခုဖြစ်နိုင်တယ်ဆိုတာကို သက်သေပြ​နေပြီ။"

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now