Chapter 1-နာနီအဖြစ်နဲ့ကမ္ဘာကြီးကိုကယ်တင်မယ်.

4.3K 365 1
                                    

"ဒီ​နေ့ည ကြယ်​​ကြွေမှာတဲ့ ကြယ်မ​ကြွေတာနှစ်တစ်ရာ​လောက်ရှိ​နေပြီ.အဲ့ဒါကိုသွားကြည့်ဖို့ငါ့တို့မြို့ပြင်ကိုသွားကြမယ်လို့ငါ့အတန်း​ဖော်​ဟောင်းအချို့နဲ့​ပြောထားတယ် မင်းလိုက်မှာလား?"တခြားဖက်ကစိတ်လှုပ်ရှားတဲ့အသံနဲ့​ပြောလိုက်သည်.

လူငယ်​လေးက သူ့​ခေါင်းနဲ့ပခုံး​ပေါ်ကြားမှာဖုန်းကိုဖိပြီး ကွန်ပြူတာစားပွဲ​​ရှေ့မှာထိုင်​နေသည်.သူ့လက်နှစ်ဖက်လုံးက​ သူ့​​ရှေ့မှာရှိတဲ့စခရင်​ရှေ့မှာတင်ထားတယ်.သူ့ဘယ်ဘက်လက်မှာ​ဘောပင်ကိုကိုင်ထားပြီး​တော့ "အပြင်ဘက်ကအရမ်း​အေးတယ် မသွား​တော့ဘူး" လို့ပုံဆွဲ​နေရင်း​ပြောလိုက်သည်.

"​မေ့လိုက်ပါ​တော့.ရှဲ့လွမ်လွမ် မင်းအပျင်းကြီးလွန်းလို့​သေသွားအုန်းမယ်?" သူတို့ဆက်ဆံ​ရေးကအမြဲတမ်းညီအကို​တွေလိုပဲ.လုယွမ်က သူ့ရဲ့ရက်စက်တဲ့အငြင်းစကားကို စိတ်မဆိုးပဲ"အဲ့ဒါဆိုလဲ​နောက်ကျ ငါမင်းအတွက်ဓါတ်ပုံအချို့ရိုက်လာခဲ့​ပေးမယ်".

ရှဲ့လွမ်က သိပ်စိတ်မဝင်စားပဲ"အမ်း"လို့​တုန့်ပြန်လိုက်တယ် တစ်ဖက်ကဆက်တိုက်​စကားဆက်ပြော​​နေပြီး တစ်ဖက်လူအရင်ဖုန်းချတဲ့အချိန်ထိ​စောင့်​လိုက်သည်.အဲ့​​နောက်သူလက်ကို​​မြှောက်ပြီးဖုန်းကိုဖယ်လိုက်ပြီး စားပွဲ​အ​ဖျားဆုံးမှာတင်ထားလိုက်သည်.

ရှဲ့လွမ်ကအလုပ်ကိုအချိန်အ​တော်ကြာဆက်လုပ်ချင်ပင်မဲ့ သူ့လက်​တွေကပုံဆွဲတဲ့ခုံရဲ့အစွန်းကိုထိလိုက်တဲ့အချိန်မှာပဲ သူ့မျက်လုံး​​ထောင့်က​နေ အလင်း​​​ကြောင်းဖြတ်သွားတာ​တွေ့လိုက်သည်.​နောက်စက္ကန့်မှာပဲ ဘမ်းဆိုတဲ့အသံအကျယ်ကြီးကိုကြားလိုက်ရသည်.ဘယ်​လောက်ကျယ်လဲဆိုသူ့စားပွဲ​တုန်ခါသွား​တာ​တောင်ခံစားလိုက်ရသည်.

သူ့ခြံထဲကို ဥက္ကာခဲပျံတကယ်ပြုတ်ကျလာတာလား?

ရှဲ့လွမ် ခြံထဲကိုမကြည့်မိခင်သူ့အဖိုးတန်ပုံဆွဲစားပွဲ​လေးကိုခနကိုင်ထားလိုက်မိသည်အဲ့​နောက်သူအပြင်ကိုထွက်ပြီး ခနကြည့်ဖို့ဆုံးဖြတ်လိုက်သည်.

​အောက်ကိုဆင်း​နေရင်းနဲ့ သူ့အိမ်တွင်းအပင်​လေး​တွေတုန်ခါမှု့​ကြောင့် ကြမ်းပြင်​ပေါ်မှာကျိုး​ကြေ​​နေတာကို​တွေ့လိုက်ရသည်.သူအပြင်ဘက်ခြံထဲကိုထွက်လိုက်တဲ့ချိန်မှာလဲ သူဂရုတစိုက်အိုးထဲမှာစိုက်ထားတဲ့အပင်​တွေကလဲအ​ခြေ​နေအတူတူပဲဖြစ်​နေတာ​တွေ့လိုက်သည်.ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်ကစိတ်ညစ်​နေရမဲ့အချိန်မဟုတ်​သေးဘူး.

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now