Chapter 7.1-မကြာခင်​မွေး​ဖွားလာ​တော့​နော်,အို​​ခေ?

1.6K 327 3
                                    

အ​စောပိုင်းက​​ပြောခဲ့သလိုပဲ ဂါယာက​ကျော်ကြားတဲ့ကုန်သွယ်​ရေး ဂြိုလ်တခုဖြစ်သည်, ကုန်သွယ်​ရေးလုပ်ငန်းဂြိုလ်တခုအ​နေနဲ့ အ​ရေးကြီးဆုံးအပိုင်းက​တော့​သေချာတာ​ပေါ့ အမျိုးမျိုး​သောလေလံအိမ်​များဖြစ်သည်.

​မေးမြန်းတဲ့အချိန်မှာလဲ ရှဲ့လွမ်မေးခွန်း​တွေအများကြီးမ​မေးပဲနဲ့ သူ့မှာအ​ခြေခံအချက်လက်​တွေကင်းမဲ့​နေတာကိုမသိသာ​စေဖို့အတွက် ပုံမှန်စကားဝိုင်းလိုပဲ ​ပြောလိုက်သည်.

အဲ့စကားဝိုင်းအတွင်း ရှဲ့လွမ် ကမ္ဘာ​ပေါ်ကအင်တာနက်နဲ့တူညီတဲ့ စတားနက်ခ်ဝက်လိုမျိုး ဒီကမ္ဘာမှာရှိတယ်ဆိုတာသိလာရသည် ဒါ​ပေမဲ့ အဲ့ဒါပိုပြီးစွမ်းရည်မြင့်သည်.

ရှဲ့လွမ် အလုပ်လျှောက်ရာမှာသုံးတဲ့ ဆက်သွယ်​​ရေး​ဟောင်း ရုံးခန်းထဲမှာရှိသည် အဲ့ဒါကိုကြားပြီး​နောက် သူ့ အဲ့ဒါကို အ​ကြောင်းပြတခုရှာပြီး ငှားလိုက်သည် အဲ့​နောက် ငှက်ကုလားအုတ်ဥအရွယ်စားရှိတဲ့ ဆက်သွယ်​ရေး​ဟောင်းကိုသုံးပြီး သူလိုအပ်အချက်လက်​တွေကိုရှာ​ဖွေတော့သည်။

စာအမြန်ဖတ်​နေရင်း သိပ်မကြာခင်မှာပဲ သူ့မျက်လုံး​တွေက စာ​ကြောင်းတစ်​ကြောင်းမှာ ရပ်တန့်သွားသည်-

[အံ့ဖွယ်​အပင်​လေလံအိမ်]

ကြယ်တာရာမှာ ကုန်သွယ်​ရေးဂြိုလ်ခုနှစ်လုံးရှိပြီး တစ်ခုချင်းစီမှာ သူတို့ရဲ့ ဝိ​သေသလက္ခဏာ​​တွေရှိသည်.ဂါယာရဲ့​ ကျော်ကြားတဲ့အချက်က ဂြိုလ်မှာကျင်းပသည့် အထူး​လေလံပွဲ​တွေဖြစ်သည်။

အဲ့ ရှဲ့လွမ်တွေ့တဲ့ အံ့ဖွယ်အပင်​လေလံအိမ်ကဲ့သို့ အထူး​လေလံပွဲ​တွေက ကျယ်ပြန့်စွာမရနိုင်ဘူး ဒါပင်မဲ့ ကြယ်တာရာမှာ အပင်နားလည်ကျွမ်းကျင်သူအများအပြားရှိပြီး ဒီအထူး​လေလံပွဲ​​တွေက ပွဲ​တော်နဲ့တန်ဖိုးချင်းတူသည်။

အဲ့ဒါ​ကြောင့် အဲ့လို​ပြောကြသည် အပင်ကျွမ်းကျင်သူက ရှားပါးတဲ့အပင် ဒါမှမဟုတ် ရှားပါးတဲ့အရာဝတ္ထုဖြစ်ရင်​တောင် နားလည်သ​ဘော​ပေါက်သ​ရွေ့ သူတို့ကဂါယာကကျင်းပတဲ့ ဒီအပင်​လေလံပွဲကိုလက်လွတ်ခံမှာ​မဟုတ်ဘူး.

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းDonde viven las historias. Descúbrelo ahora