Chapter 29-ယွင်​ပေါင် ​ကျောင်းခွဲစီသို့

1.3K 303 6
                                    

ငှက်ကြီးက သူ့သား​ပေါက်လေးနှင့်အတူ ပျံသန်းနေသည်။ရှဲ့လွမ် သူတို့​တွေဟိုးအမြင့်ကြီးမှာ ပျံဝဲ​နေတာကို သူ့မျက်​လုံး​တွေနဲ့လိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် ခေါင်းငုံ့လိုက်ကာ သူ့လက်ထဲရှိ နူးညံ​သောသား​ပေါက်လေးများ၏ နောက်ကျောမှ အမွေး​တောင်များကို ထိလိုက်သည်။

"Tiuh-tiuh."

သူတို့၏နှလုံးသားထဲမှာ တောင့်တမှုများနဲ့ ပြည့်နှက်နေပြီး သူတို့ကအလွန်မနာလိုကြသော်လည်း သား​ပေါက်လေးများသည် ရှဲ့လွမ်၏လက်​မောင်းထဲတွင်နာခံစွာနေ​နေပြီး ကောင်းကင်ကို မော့ကြည့်နေကြသည်။ သူတို့နောက်ကျောက အမွေးတွေထိနေတာကို ခံစားလိုက်ရတဲ့အခါ သူတို့ကအော်ဟစ်ပြီး သူ့ရှပ်အင်္ကျီထဲကိုမတိုး​ဝှေ့ခင် ရှဲ့လွမ်ကို မော့ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။

အဝါ​ရောင်အမွေးအ​တောင်များရှိသော ကူ​ဝေသားပေါက်​လေးကို ရာဝီ(Rawei) ဟုခေါ်ပြီး မီးခိုးရောင်​​ကော့တိုသားပေါက်​လေးကို လိဒ်စ့်(Leeds)ဟုခေါ်သည်။ ရှဲ့လွမ်သည် နူးညံ​သော သားပေါက်လေးနှစ်ကောင်ကို ခဏကြာအောင် တိတ်တဆိတ် လှမ်းကြည့်ပြီး "နောက်မှ မင်းတိုွနဲ့အတူတူ ပျံသန်းရမလား။" လို့ ပြောလိုက်သည်။

ဤစာကြောင်းကို သူပြောပြီးသောအခါ ရှဲ့လွမ် ကူတီသား​ပေါက်အ​​ဖေကဲ့သို့ လူသားတစ်ဦးအနေနှင့် သူတို့နှင့်အတူ ဘယ်လို ပျံသန်းရမလဲဆိုတာကို မစဥ်းစား​တော့ပါဘူး။သူ အဲ့ဒါကို ရိုးရိုးရှင်းရှင်းပဲ အရင်မေးလိုက်သည်။

"Tiuh! Tiuh! Tiuh!"

လူငယ်​လေးက ဒီလိုပြောပြီးတာနဲ့ နူးညံတဲ့သားပေါက်လေးနှစ်ကောင်က ချက်ချင်းခေါင်းမော့လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူတို့က အရမ်းပျော်နေပုံရသည်။

တက်ကြွလှုပ်ရှားနေသော သားပေါက်လေးနှစ်ကောင်၏ ပျော့ပျောင်းသောရင်ဘတ်နှင့် ဝမ်းဗိုက်များကို အသာ​လေး ပွတ်သပ်ရင်း ရှဲ့လွမ်သည် ဒီကိစ္စကို စိတ်ဖြင့် မှတ်သားလိုက်ပြီး မည်သို့လုပ်ရမည်ကို စတင်တွေးတောနေခဲ့သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now